အိန္ဒိယနိုင်ငံရဲ့ နိုဝင်ဘာလ ၁၃ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ သီတင်းပတ် ၆ ပတ်ဆက်တိုက်အကျဘက်ကို ဆင်းနေသလို ၃ လအတွင်း အနိမ့်ဆုံးနီးပါးဖြစ်လာတယ်လို့ သိရပါတယ်။ အခြေခံစားသောက်ကုန်များ ဖြစ်တဲ့ ပဲမျိုးစုံဈေးနှုန်းက ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဟင်းသီးဟင်းရွက် ဈေးက ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့် ယခင်သီတင်းပတ်က စားနပ်ရိက္ခာဖောင်းပွမှု ၁ဝ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုတစ် ပတ်မှာ ၁ဝဒသမ ၁၅ ရာခိုင်နှုန်းကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေး ပြန်ဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ဒေစီမတ်ပဲကို အဝယ် အနည်းငယ်ရှိပေမဲ့ မြန်မာနိုင်ငံက တင်သွင်းပဲများရောက်ရှိလာခြင်းက ရောင်းအားများစေတာကြောင့် ယခုတစ်ပတ် မတ်ပဲဈေးဆင်းလာ ခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းဈေးကွက်များဖြစ်တဲ့ အတ္တရာပရာ ဒေ့ရှ်နဲ့ မဒ္ဒရာပရာဒေ့ရှ်တို့မှ ပဲအသစ်များ ဝင်ရောက်နေခြင်းကလည်း ဈေးနှုန်းကို ထိန်းခုျပ်စေပါတယ်။ အတ္တရာပရာဒေ့ရှ်မှ ပဲအသစ်များ ဈေးကွက်ကို ဝင်ရောက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတို အတွင်း မတ်ပဲဈေး အားပျော့နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၂၅ .၁၁ .၁ဝ ၂၄ .၁၁ .၁ဝ ၂၃ .၁၁ .၁ဝ ၂၂ .၁ဝ .၁ဝမွန်ဘိုင်း ၉၁၇ ၉၂ဝ ၉၃၇ ၉၄၉ဒေလီ ၉၂၁ ၉၉၁ ၉၉၂-၉၉၈ ၁ဝဝ၅ချန်နိုင်း ၉၅၉-၁၂ဝဝ ၉၆၉-၁၁၉၄ ၉၇၆-၁၂ဝဝ ၉၈၈-၁၂၁၄
Background