ပဲစင်းငုံဈေးလည်းမာနေ ယခုတစ်ပတ် ပဲစင်းငုံဈေး မာနေပါတယ်။ မိုးနှောင်းရွာသွန်း ပေမဲ့ ပြည်တွင်းပဲအထွက်ကောင်းမယ်လို့ မျှော်လင့်ထားကြတာ ကြောင့် အိန္ဒိယဝယ်လက်များဟာ မြန်မာကုန်သည်များနဲ့ စာချုပ် အသစ်ချုပ်ဆိုဖို့ တုံ့ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံမှာ ပဲစင်းငုံလက်ကျန် တန်ချိန် ၂ ဒသမ ၅ သန်းကျန်ရှိတယ်လို့ ခန့်မှန်းချက်များကြောင့်လည်း ဈေးထပ်မံကျဆင်းမယ်လို့ မျှော်လင့် လျက်ရှိပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်တွေမှာ မြန်မာပဲစင်းငုံ ကို အဝယ်သွက်နေတာကြောင့် ဈေးနှုန်းခိုင်မာနေခြင်းဖြစ်တယ်လို သိရပါတယ်။ ပဲစင်းငုံအဓိကစိုက်ပျိုးတဲ့ ဒေသများမှာ မိုး အဆက်မပြတ်ရွာသွန်းတာကြောင့် အထွက်နှုန်းကို ထိခိုက်နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံ ဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၂၅ .၁၁ .၁ဝ ၂၄ .၁၁ .၁ဝ ၂၃ .၁၁ .၁ဝ ၂၂ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၂၄ ၇၁၇ ၇၂၉ ၇၂၉ဒေလီ(မြန်မာပဲစင်းငုံ) ၇၂၄ ၇၂၈ ၇၂၉-၇၃၄ ၇၃၄ချန်နိုင်း(မြန်မာပဲစင်းငုံ) ၇၁၃ ၇၁၂ ၇၁၃ ၇ဝ၉Source: agriwatch.com , MIRT (Yangon)
Background