Main menu

Background

အေးခဲကြက်သားနဲ့ ကြက်ခြေထောက်များအား မီးရှို့ဖျက်ဆီး

Mon, 11/29/2010 - 10:48 -- Anonymous (not verified)

 အေးခဲကြက်သားနဲ့ ကြက်ခြေထောက်များအား မီးရှို့ဖျက်ဆီး      ယူနန်ပြည်နယ်ကျန်းမာရေးနဲ့စားသုံးကုန်ပစ္စည်းလုံခြံမှုရှိစေရေး စစ်ဆေး ရေး ဌာနနဲ့ အကောက်ခွန်ဌာနတို့ ပူးပေါင်းဆောင်ရွက်မှုအရ မန်စည်ခရိုင်မှာ အေးခဲကြက်သား၊ ကြက်ခြေထောက်များလတ်ဆတ်သန့်ရှင်းမှု မရှိဘဲအများ ပြည်သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် မီးရှို့ဖျက်ဆီးမှုများကို နိုဝင်ဘာလ ၁၉ ရက်နေ့ကဆောင်ရွက်ခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ အေးခဲ ကြက်သား၊ ကြက်ခြေထောက်ပမာဏဟာ တန်ချိန်အားဖြင့် ၁၂ တန်ကျော် ( ၂၄၇ ဖာ) ဖြစ်ပြီး မန်စည်ခရိုင် အထွေထွေလယ်ယာထွက်ကုန်ပစ္စည်းနဲ့ စားသုံးကုန်ဖြန့်ဖြူးမှု ဈေးကွက်ရှိ ဆိုင် ၅ ဆိုင်အား စိစစ်ခဲ့ရာမှာ တွေ့ရှိခဲ့ ရတယ်လို့ သိရပါတယ်။        Sources: ယူနန်ချွမ်းချိမ်ဝမ်ပေါင်၊၊   သောင်းနိုင်