Main menu

Background

ဓာတုဆေးဝါးရောစပ်ပါဝင်တဲ့ ခေါက်ဆွဲထုပ်အား ဈေးကွက်များမှ ပြန်လည်သိမ်းယူ

Tue, 11/30/2010 - 04:31 -- Anonymous (not verified)

ဓာတုဆေးဝါးရောစပ်ပါဝင်တဲ့ ခေါက်ဆွဲထုပ်အား ဈေးကွက်များမှ ပြန်လည်သိမ်းယူ           အင်ဒိုနီးရှားနိုင်ငံထုတ် ရင်တော်တံဆိပ်အသင့်စား ခေါက်ဆွဲထုပ်များအား တရုတ်နိုင်ငံ ကျန်းမာရေး ဌာနစားသောက်ကုန် ပစ္စည်းလုံခြုံမှု စစ်ဆေးရေးအဖွဲ့ရဲ့ ဓာတ်ခွဲစိစစ်ရာ ဓာတုဆေးဝါးများသတ်မှတ်ချက်ထက် ပိုမိုပါရှိနေတာကို စိစစ်တွေ့ရှိခဲ့ပါတယ်။ ဟောင်ကောင်၊ ထိုင်ဝမ်(တရုတ်တိုင်ပေ)၊ သြစတြေးလျနဲ့ စင်ကာပူနိုင်ငံတို့မှာ ဖြန့်ဖြူးရောင်းချနေမှုများကို နိုဝင်ဘာလဆန်း ကစပြီး ရပ်ဆိုင်း ကာပြန်လည်သိမ်းယူမှုများလုပ်ဆောင်လျက် ရှိပါတယ်။ ၈၅ ဂရမ်ရှိ အထုပ်သေး တစ်ထုပ်ကို တရုတ်နိုင်ငံမှာ ၂ ဒသမ ၅ ယွမ်နှုန်းနဲ့ ရောင်းချဖြန့်ဖြူးနေ တာဖြစ်ပါ တယ်။ ယခုအခါ ကူမင်းရှိ စူပါမားကတ်များမှာလည်းရောင်းချခွင့် မပြုတော့ဘဲ သိမ်းယူလျက်ရှိနေတယ်လို့ တရုတ်နေ့စဉ်ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။                                                                                                    Sources: ယူနန်ချွမ်းချိမ်ဝမ်ပေါင်၊၊ သောင်းနိုင်