Main menu

Background

စက်သုံးလောင်စာဆီမပြတ်လပ်ရေးနဲ့ မသမာမှုမရှိရေးစိစစ်လျက်ရ

Tue, 11/30/2010 - 05:18 -- Anonymous (not verified)

 စက်သုံးလောင်စာဆီမပြတ်လပ်ရေးနဲ့ မသမာမှုမရှိရေးစိစစ်လျက်ရ           ယူနန်ပြည်နယ် တယ်ဟုန်တိုင်းမံစီခရိုင်မှာ လောင်စာဆီဈေးနှုန်းမြင့်တက်လျက်ရှိတဲ့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ က နိုဝင်ဘာလ တတိယပတ်အတွင်းမှာတရုတ်နိုင်ငံ ရေနံသဘာဝဓာတ်ငွေ့၊ ရေနံကုမ္ပဏီနဲ့ အရောင်းဆိုင်များနဲ့ တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါတယ်။          စက်သုံးလောင်စာဆီမပြတ်လပ်စေရေးအတွက် တယ်ဟုန်ကုမ္ပဏီခွဲက ယခင်ကတစ်နေ့ကို ဒီဇယ်ဆီ တန် ၇ဝ မှ ၉ဝ ( ၁၈၃၇၅ ဂါလံမှ ၂၃၆၂၅ ဂါလံ ထိ) ဖြန့်ဖြူးခဲ့ရာမှ ယခုအခါ တန် ၁၃ဝ (၃၄၁၂၅ ဂါလံ) ထိ တိုးမြှင့်ဖြန့်ဖြူး နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပြီး လောင်စာဆီလိုအပ်ချက်အားအစွမ်းကုန် ဖြည့်ဆည်းပေးနိုင်ရန် စက်သုံးဆီအရောင်းဆိုင်များ တိုးခဲျ့ဖြန့်ဖြူးသွားမယ်လို့လည်း ခရိုင်စီးပွားရေးဌာနကဆိုပါတယ်။ လောင်စာဆီ အရောင်းဆိုင်နဲ့ ကုမ္ပဏီများအား စိစစ်မှုများ လုပ်ဆောင်ရာမှာ ဒီဇယ်ဆီအညံ့စားတင်သွင်းဖြန့်ဖြူးမှုကို ခရိုင် စီးပွားရေးနဲ့ ကုန်သွယ်ရေးဌာနမှ စိစစ်ရာမှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်ထိန်းရဲအဖွဲ့နဲ့ မီးသတ်အဖွဲ့တို့ ပူးပေါင်းကာ လောင်စာဆီများတရားမဝင်ရောင်းဝယ်မှုနဲ့မသမာမှုများကို နှိမ်နင်းဟန့်တားသွားမယ်လို့ နေ့စဉ်ထုတ် သတင်းစာတစ်စောင်မှာ ဖော်ပြထားပါတယ်။  Source:ယူနန်မန်စီသတင်းစာ၊သောင်းနိုင်