Main menu

Background

တရုတ်နယ်စပ်အပြင် မြိတ်ကလည်း တင်ပို့

Tue, 11/30/2010 - 05:29 -- Anonymous (not verified)

 တရုတ်နယ်စပ်အပြင် မြိတ်ကလည်း တင်ပို့           မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများအပြင် ယခုအပတ် ( နိုဝင်ဘာ ၁၇ မှ ၂၃) မှာ မြန်မာထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်မှလည်း တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ရော်ဘာတင်ပို့မှုတွေ ကတော့ မူဆယ်မှ ရော်ဘာအဆင့်စုံ ၁ဝ၈၄ တန်၊ ကန်ဒေါ်လာ ၃ ဒသမ ၄ဝ၉ သန်း၊ ချင်းရွှေဟော်မှ RSS (3) တန် ၂၄ဝ ကျော်နဲ့ မြိတ်နယ်စပ် မှRSS (3)  တန် ၁ဝဝ၊ စုစုပေါင်းနယ်စပ်မှ ရော်ဘာ ၁၄၂၅ တန်ခန့် တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၅၁ သန်းဖိုး ယခုအပတ်မှာ တင်ပို့နိုင်ပါတယ်။ မူဆယ်နယ်စပ်မှ တင်ပို့ခဲ့တဲ့ ရော်ဘာအမျိုး အစားတွေကတော့ RSS (1) ၁၆ တန်ကျော်၊ RSS (3)၇၁၁ တန်ကျော်၊RSS (5) ၆၄ တန်၊MSR (20)  ၁၃၇ တန် နဲ့MSR (50)၁၅၅ တန် အသီးသီးဖြစ်ပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံမှာပါ ရော်ဘာဈေးအနည်းငယ်မြင့်သော်လည်း အရောင်းအဝယ်မှာ ပုံမှန်သာရှိနေပါတယ်။ ယခင် အပတ်နဲ့ နှိုင်းယှဉ်လျှင် ချင်းရွှေဟော်မှ တန် ၇ဝ ကျော် တင်ပို့မှုပိုမိုခဲ့သော်လည်း မူဆယ်မှ တန် ၈ဝ နီးပါး တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ဒါပေမဲ့ ယခုအပတ်မှာ မြိတ်နယ်စပ်ကတင်ပို့မှု ရှိလာတဲ့အတွက် ယခင်အပတ်ကထက်၉၄ တန် တင်ပို့မှု ပိုမိုခဲ့တယ်လို့သိရပါတယ်။မူဆယ်နယ်စပ်ရှိ ယခင်အပတ်နဲ့ ယခုအပတ်ရော်ဘာဈေးပြောင်းလဲမှုများကို အသိပေးလိုက် ရပါတယ်-                                        မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု           ယခင်       ပြောင်းလဲမှု      %        ယခု      ယခင်    ပြောင်းလဲမှု      %RSS(3)    ၃၃ဝ၁၄၈၈     ၃၂၈၈ဝဝဝ      ၁၃၄၈၈      ဝ .၄      ၃၆၃၆     ၃၆၁၆      ၂ဝ            ဝ .၆RSS(5)    ၃၁၆၃၄၇၂     ၃၁၅၁ဝဝဝ      ၁၂၄၇၂      ဝ .၄      ၃၄၈၄     ၃၄၆၅      ၁၉            ဝ .၆MIRT (DOBT)