Main menu

Background

အိန္ဒိယသကြားရောင်းချမှု အခြေအနေပေါ်မူတည်ပြီး သကြားကြမ်းဈေးနှုန်း ပြန်မြင့်လာ

Tue, 11/30/2010 - 05:55 -- Anonymous (not verified)

 အိန္ဒိယသကြားရောင်းချမှု အခြေအနေပေါ်မူတည်ပြီး သကြားကြမ်းဈေးနှုန်း ပြန်မြင့်လာ             ကမ္ဘာမှာ ဒုတိယသကြားထုတ်လုပ်မှုအများဆုံး အိန္ဒိယရဲ့ သကြား ရောင်းချနိုင်မှု အခြေအနေအရ သကြားဈေးနှုန်း ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယရဲ့ သန့်စင်ပြီး သကြားထုတ်လုပ်မှုအများဆုံး မဟာရပ်တရာ ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရိတ်သိမ်းမှုနှောင့်နှေးခဲ့ကာ အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၂ဝ ရက်အတွင်း သကြားထုတ်လုပ်မှုဟာ ၂၉ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးနိုင်ငံက သကြားအများဆုံး ထုတ်လုပ်သူဖြစ်ပြီး မိုးခေါင်ခြောက်သွေ့မှုကြောင့် ဘရာဇီးသီးနံှများ ပျက်စီးခဲ့တဲ့ အတွက်လည်း ယခုနှစ်မေလမှာ အနိမ့်ဆုံး ရောက်ရှိခဲ့တဲ့ သကြားဈေးဟာ ၂ ဆကျော်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။          နယူးယောက် ICE  ကြိုပွိုင့်ဈေးကွက်မှာ မတ်လပို့ရမယ့် သကြားကြမ်း ဈေးဟာ ၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၇ ဒသမ ၃၃ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၆ဝ၂) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အစောပိုင်းသကြားဈေးဟာ ၄ ရာခိုင်နှုန်းထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဥရောပြွေကးမြီ ပြဿနာဆိုးဝါးခြင်းနဲ့ တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှု ပြင်းထန်လာခြင်းက ကမ္ဘာ့စီးပွားရေးကို ကျဆင်းစေကာ ကုန်ကြမ်းသီးနံှ ဝယ်လိုအားကို လျော့ကျစေခဲ့တာကြောင့် ဈေးကျဆင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါ တယ်။        လန်ဒန်မှာ မတ်လပို့ရမယ့် သန့်စင်ပြီး သကြားကြိုပွိုင့်ဈေးဟာ ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၆၈၁ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နယူးယောက်မှာ မတ်လပို့ရမယ့် အာရေဘီကာကော်ဖီ ကြိုပွိုင့်ဈေး ဟာလည်း ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီးတစ်ပေါင်ကို ကန်ဒေါ်လာ ၂ ဒသမ ၁ဝ၅၅ (တစ်တန်ကို ကန်ဒေါ်လာ ၄၆၄ဝ )ဈေးဖြစ်ခဲ့လို့ ယခုနှစ်အတွင်း ၅၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                    ယမုံံနံနာ၊ှSources: bloomberg.com