Main menu

Background

ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် အမှုဆောင်အဖြစ် လုပ်ကိုင်လိုပါက လျှောက်လွှာတင်နိုင်

Tue, 11/30/2010 - 05:57 -- Anonymous (not verified)

 ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် အမှုဆောင်အဖြစ် လုပ်ကိုင်လိုပါက လျှောက်လွှာတင်နိုင်              မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် လုပ်ကိုင်လိုသည့် ဆန္ဒရှိပါက လျှောက်လွှာတင်နိုင် ကြောင်း MFF  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးကပြောကြားသည်။             '' ဒီနှစ်မှာ ဗဟိုအလုပ်အမှုဆောင်အသစ်ရွေးချယ်မှာဖြစ်ပါတယ်။ MFF ရဲ့ နှစ်ပတ်လည်အစည်းအဝေး ကို ၂ဝ၁၁ ခုနှစ်ဇန်နဝါရီတတိယပတ်(သို့မဟုတ်) စတုထ္ထပတ်အတွင်းမှာ ပြုလုပ်မှာပါ။MFF ရဲ့အလုပ်အမှု ဆောင်တွေကို ခန့်အပ် တာမိုျး မဟုတ်ဘဲ ရွေးချယ်တင်မြှောက်တာမျိုး ဖြစ်တာကြောင့် ဗဟိုအလုပ်အမှုဆောင် အဖြစ် လုပ်ကိုင်လိုသူတွေက လျှောက်လွှာတင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ဝန်ကြီးဌာနရဲ့ပံ့ပိုးမှု၊ အဖွဲ့ချုပ်ဥက္ကဌရဲ့ အကူအညီပေးမှု၊ အလုပ်အမှုဆောင်တွေရဲ့ဝိုင်းဝန်းဆောင်ရွက်မှုတို့ကြောင့် ယခုလို အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်''ဟု MFF မှ အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က ပြောကြားသည်။            မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးမပြုလုပ်ခင်MFF လက်အောက်ရှိ ညီနောင် အသင်းများ၊ ပြည်နယ်တိုင်းဒေသကြီးများခရိုင်၊ မြို့နယ်များရှိ နှစ်ပတ်လည်အစည်းအဝေးများကို ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပြုလုပ်သွားကြမည်ဖြစ်ကြောင်း သိရသည်။                                                                        ခင်မျိုးသွယ်