Main menu

Background

ရေထွက်ပို့ကုန်တင်ပို့မှုက ၅ဝ ရာခိုင်နှုန်းကျော် အကောင်အထည်ဖော်ပြီး

Tue, 11/30/2010 - 06:48 -- Anonymous (not verified)

 ရေထွက်ပို့ကုန်တင်ပို့မှုက ၅ဝ ရာခိုင်နှုန်းကျော် အကောင်အထည်ဖော်ပြီး              ရေထွက်ပို့ကုန်ပစ္စည်းများ တင်ပို့မှုက ရရှိငွေမှာ ၅ဝ ရာခိုင်နှုန်းကျော်အကောင်အထည်ဖော်ထားပြီး ဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့ကငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောကြားသည်။             '' ရေထွက်ကုန်ပစ္စည်းတွေကို ပုံမှန်ကုန်သွယ်ရေး၊ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊မြိတ်၊ မောင်တောနဲ့ တမူးနယ်စပ် ကုန်သွယ်ရေးနဲ့လေကြောင်းလိုင်းတို့ကနေ တင်ပို့နေပါတယ်။ ၂ဝ၁ဝ ဧပြီ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ရေထွက်ပစ္စည်း တင်ပို့မှုကလည်း ရရှိငွေမှာ ဒေါ်လာ ၃၅၄ ဒသမ ၅၇ဝ သန်းပါ၊ ရေထွက်ပစ္စည်းတင်ပို့မှုကလည်း ရရှိဖို့ လျာထားငွေက ဒေါ်လာ သန်း ၇ဝဝ ဖြစ်တဲ့အတွက် အကောင်အထည်ဖော်ပြီးတဲ့ရာခိုင်နှုန်းက ၅ဝ ဒသမ ၆၅ ရာခိုင်နှုန်း ဖြစ်ပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။                 ထို့အတူ အသင်းများအနေဖြင့် လျာထား သတ်မှတ်ချက်အလိုက် အကောင်အထည်ဖော်ပြီးစီးမှုမှာ ကဏန်းလုပ်ငန်း ရှင်များ အသင်းအနေဖြင့် ၆၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ငါးရှဉ့်လုပ်ငန်းရှင်များအသင်းအနေဖြင့် ၆၄ ဒသမ ၃၄ ရာခိုင်နှုန်းတို့ အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း သိရသည်။                                                                                   ခင်မျိုးသွယ်