Main menu

Background

ရန်ကုန်မြို့တွင်း ငါးစားသုံးမှု တစ်ရက် ပိသာ ၃၇ သိန်းရှိနေ

Tue, 11/30/2010 - 06:51 -- Anonymous (not verified)

 ရန်ကုန်မြို့တွင်း ငါးစားသုံးမှု တစ်ရက် ပိသာ ၃၇ သိန်းရှိနေ           ယခုအပတ်အတွင်း ငါးဈေးကြီးများသို့တက်သည့် ငါးကုန်တက်စာရင်းများအရ ရန်ကုန်မြို့ခံလူထု၏ ငါးစားသုံးမှုမှာ တစ်ရက်လျှင် ပျမ်းမျှ ပိသာ ၇၃ သိန်းရှိနေကြောင်း နိုဝင်ဘာ၂၃ ရက်ကပြုလုပ်သည့် အစည်းအဝေး မှသိရသည်။         '' ဒီအပတ်ထဲမှာ ရန်ကုန်မြို့ခံလူထုရဲ့ ငါးစားသုံးမှုဟာ တစ်ရက်ကို ပိသာချိန် ၃၇ သိန်းရှိပြီး ရန်ကုန်ကနေ နယ်ဒေသတွေကို သွားတဲ့ငါးရယ်၊ အအေးခန်းစက်ရုံတွေက ဝယ်ယူတဲ့ငါးပိသာချိန်က တစ်ရက်ကို ပိသာချိန် ၆ ဒသမ ဝ၅ သိန်းရှိနေပါတယ်။ အဲဒီပိသာ ၆ ဒသမ ဝ၅ သိန်းမှာ နယ် တွေကိုသွားတဲ့ ရေချိုငါးက ပိသာ ၂ ဒသမ ၈၇ သိန်းနဲ့ အအေးခန်းစက်ရုံတွေက ဝယ်ယူတဲ့ရေငန် ငါးပိသာ ၃ ဒသမ ၁၈ သိန်းတို့ဖြစ်ပါတယ်။ အဲဒီစာရင်းဇယားတွေအရ မွေးမြူရေးငါးက စံပြငါးဈေး၊ အင်းစိန်၊ ပုဇွန်တောင်နဲ့ ဒလငါးဈေးတွေကိုတစ်ရက်ပျမ်းမျှ ပိသာ ၉၁ဝဝဝ ခန့် အဝင်ရှိနေ ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။          ယခုအပတ်အတွင်း ငါးဈေးကြီးများ၏လက်ကားတစ်ပိသာဈေးနှုန်းများမှာ ငါးရံ့-၂ဝဝဝ ကျပ်၊ ငါးရွှေ-၁၁၆ဝ ကျပ်၊ ငါးယောင် (၅၅ဝ-၇၉ဝ )ကျပ်၊ ငါးဇင်းပြား -၅၆၇ ကျပ်နဲ့ ငါးခေါင်းပွ-၁၂ဝဝ ကျပ်တို့ဖြစ်သည်။                              ခင်မျိုးသွယ်