Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေလုပ်ငန်းကုမ္ပဏီ ထပ်မံဖွဲ့စည်းလျက်ရှိ

Tue, 11/30/2010 - 06:57 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေလုပ်ငန်းကုမ္ပဏီ ထပ်မံဖွဲ့စည်းလျက်ရှိ          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ ရေထွက်ပစ္စည်းများနဲ့ ပြည်ပဝင်ငွေရှာဖွေ ပေးလျက်ရှိတဲ့ ဒေသခံ ရွှေပုသိမ်ရေလုပ်ငန်းကုမ္ပဏီ၊ အဏ္ဏဝါထွန်း ရေလုပ်ငန်း ကုမ္ပဏီ၊ ခိုင်ရွှေစင်ရေလုပ်ငန်းကုမ္ပဏီတို့အပြင် ယခု ၂ဝ၁ဝ နိုဝင်ဘာလက ကွန်းအဏ္ဏဝါ ရေလုပ်ငန်းကုမ္ပဏီ ထပ်မံဖွဲ့စည်းပြီးစီးကြောင်း သိရပါတယ်။ ယခင်ကွန်းအဏ္ဏဝါငါးပုစွန်အဝယ်ဒိုင်မှ အိတ်စပို့ ရေချို၊ ရေငန်ငါးပုစွန်များကို နှစ်စဉ် ရန်ကုန်မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့မှုရှိသော်လည်း ယခုဒေသခံ လုပ်ငန်းရှင်များမှ ပြည်ပသို့တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေးနဲ့ ဈေးကွက်ပိုမို ကျယ်ပြန့် လာစေရန် ရေရှည်အကျိုးစီးပွားအတွက် ရည်ရွယ်လျက် ကွန်းအဏ္ဏဝါ ရေလုပ်ငန်း ကုမ္ပဏီဖွဲ့စည်းပြီး ပြည်ပပို့ကုန် ရေထွက်လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင် နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရပါတယ်။ ငပုတောမြို့နယ်အတွင်းရှိ ပြင်ခရိုင်၊ သက္ကယ်သောင်၊ ဒီဒူးကုန်း၊ ငှက်ပေါက်၊ ဘုန်းတော်ပြည့်၊ ကျေးရွာများမှာ အများဆုံးလာရောက် ရောင်းချလျက် ရှိတဲ့ အိတ်စပို့ ငါးသလောက်၊ ငါးမုတ်၊ ကကတစ်၊ ကက္ကူရံ၊ ကျောက်ငါး၊ ကျားပုစွန်၊ မြီးနီပုစွန်များကို နှစ်ပတ်လည်ရောင်းဝယ်လျက် ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း၊ သိရပါတယ်။ မင်းမင်းဦး