Main menu

Background

ရန်ကုန်ကားဈေးကွက်တွင် ဇုန်ထုတ်ကားများသာ အရောင်းအဝယ် အနည်းငယ်ရှိ

Tue, 11/30/2010 - 07:19 -- Anonymous (not verified)

  ရန်ကုန်ကားဈေးကွက်တွင် ဇုန်ထုတ်ကားများသာ အရောင်းအဝယ် အနည်းငယ်ရှိ            ရန်ကုန်မြို့ ကားဈေးကွက်တွင် အရောင်းအဝယ်များအေးနေပြီး ဇုန်ထုတ်ကားများဖြစ်သောအိမ်စီးကားများ သာ အရောင်းအဝယ် အနည်းငယ်ရှိကြောင်း ဟံသာဝတီ ကားဝယ်ရောင်း စခန်းမှ ပွဲစားတစ်ဦးကပြောကြားသည်။              ''ကားဈေးကွက်က ဈေးမငြိမ်ဘူး ဖြစ်နေတယ်။ဈေးကမကြာခဏပြောင်း နေတော့ဈေးကွက်အခြေအနေကိုစောင့် ကြည့်နေကြတယ်။ ၄ဂ/တွေလည်း သိပ်ပြီးအရောင်းအဝယ် မရှိတော့ဘူး။ ဝယ်သူတွေကလည်း အသစ်အသစ် တွေပေါ်နေတော့ ဈေးဝယ်သက်သက် သာသာနဲ့ အသစ်တွေ ပေါ်ဦးမလား ဆိုပြီး စောင့်ကြည့်နေကြတယ်။ကား ဈေးကွက် အမြဲပြောင်းလဲနေတာ။၃ဂ/ တွေပေါ်စတုန်းကဆိုရင်လည်း တစ်စီး ကို ကျပ်သိန်း ၇ဝဝ လောက်ရှိတယ်။                 နောက် ၄ဂ/တွေပေါ်လာတော့ ကျပ် သိန်း ၅ဝဝနဲ့ရောင်းတာတောင်ဝယ်မယ့် သူက သိပ်မရှိတော့ဘူး။နောက် ၄ဂ/ တွေပေါ်စတုန်းကလည်း ၄ဂ/ကြောင့် ကားပိုင်သွားတဲ့ ပွဲစားတွေရှိသလို ၄ဂ/ ကြောင့် သိန်းရာနဲ့ချီပြီး ရှုံးသွားတဲ့သူ တွေလည်းရှိတယ်''ဟု ယင်းကပြော ကြားသည်။                    ယခုလတ်တလော ဖြစ်ပေါ်နေသော ကားဈေးနှုန်းများမှာ ၄ဂ/ ဖင်ကောက် ကျပ်သိန်း ၄၂ဝ ဝန်းကျင်၊ မတ်တူး ၉၉ မော်လ်ဒယ် ကျပ်သိန်း ၆၅ဝ ဝန်းကျင်၊R(-) ၅ခ/ကျပ်သိန်း ၁၂ဝ ဝန်းကျင်၊Light Truck ကျပ်သိန်း ၁၂ဝ ဝန်းကျင်နှင့် ဇုန်ထုတ်ကားများမှာ ကျပ်သိန်း ၁ဝဝ ဝန်းကျင်ကားများ အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။                                မင်းးသန့််