မန္တလေးမြေကွက် ဝယ်ရောင်းပြုလုပ်သူများ နေပြည်တော်၌ပြုလုပ်သည့် ကျောက်မျက်ရတနာပြပွဲသို့ စိတ်ဝင်စား မန္တလေးမြေကွက် ဝယ်ရောင်းပြုလုပ်သူများဟာ နေပြည်တော်မှာပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲသို့ စိတ်ဝင်စားလျက် ရှိခြင်းကြောင့် မန္တလေးမြေဈေးကွက် အေးလျက်ရှိကြောင်း သိရပါတယ်။ 'မြေဝယ်ထိန်းတဲ့ ငွေရှင်တွေက ကျောက်မျက်ပွဲကို စိတ်ဝင်စားနေတဲ့အတွက် လဆန်းပိုင်းကဖြစ်ခဲ့တဲ့ မြေဈေးကွက်က ပြန်အေးနေတယ်။ မြေဈေးကွက်က ဈေးနှုန်းလည်းငြိမ်နေတော့ အမြတ်အစွန်းနည်းလို့ ငွေရှင်တွေက ဟိုဘက်သွားကြတာ။ ဈေးဖြစ်သွားတဲ့ 'ဆ' အကွက်ဆို ပုံမှန်ဈေးနဲ့ ပြန်ရောင်းတာကို ဝယ်မယ့်သူမရှိဘူး။ ငုရွှေဝါလမ်းပေါ်တော့ တက်ဈေးနဲ့ပဲ အရောင်းအဝယ်တန့်နေတာ။ 'လလ'အကွက်က အရှေ့ခြမ်းအေးပြီး အနောက်ခြမ်းက ပုံမှန်အရောင်းအဝယ်ရှိတယ်' လို့ မန္တလေးမြို့သစ်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ လတ်တလောမှာ မြို့သစ်ရှိမြေကွက်များကို အမှန်တကယ်နေ ထိုင်မယ့်သူများသာ ဝယ်ယူလျက်ရှိပြီး ဈေးကွက်တွင် ယခင်ဈေးနှုန်းများအတိုင်း ကြိုက်ရောင်းကြိုက်ဝယ်ဖြင့်သာ အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ယခုလကုန်ပိုင်း ကျောက်မျက်ပွဲအပြီးတွင် မြေဈေးကွက်ပြန်သွက်လာဖွယ်ရှိကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ကြပါတယ်။ ဇူူးးဇူး
Background