ရန်ကုန်မြို့ တိုက်ခန်း အရောင်းအဝယ်၊ ငှားရမ်းမှုများသာရှိနေ ရန်ကုန်မြို့ တိုက်ခန်းများမှာ အရောင်းအဝယ်များအေးနေပြီး ငှားရမ်းမှု များသာပိုများနေကြောင်း အိမ်၊ခြံ၊မြေ လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။ တိုက်ခန်းများ ငှားရမ်းရာတွင်လည်း အထပ်လေးလွှာဝန်းကျင်ကိုပိုမို ကြိုက်နှစ်သက်ကြပြီး ၄လွှာနှင့်အထက် တိုက်ခန်းများကိုသာ ပိုမိုငှားရမ်းနေရ ကြောင်း သိရသည်။ ''ငှားတဲ့သူတွေက ကိုယ်တတ်နိုင် တဲ့ ဈေးနှုန်းနဲ့ကိုယ်ငှားမယ့်တိုက်ခန်းကို ချင့်ချိန်လာကြတယ်။ ဈေးနှုန်းကတော့ လေး၊ငါးသောင်း ဝန်းကျင်ကနေ ၇ သောင်းဝန်းကျင် တိုက်ခန်းတွေ အငှား များတယ်။ မိသားစုလိုက်နေတဲ့သူတွေ က ဈေး၊ ကျောင်း၊ ကားဂိတ်နဲ့နီးတဲ့ တိုက်ခန်းတွေကို ပိုပြီးစိတ်ဝင်စားကြ တယ်။ အုပ်စုလိုက်ဖွဲ့ပြီး ငှားကြတာလည်းရှိတယ်။ အရင်က အရောင်း အဝယ် ၆ဝ ရာခိုင်နှုန်းဆိုရင် အငှားက ၄ဝ ရာခိုင်နှုန်းပဲရှိတယ်။ အခုက အရောင်းအဝယ် ၂ဝ ရာခိုင်နှုန်းဆို အငှားက ၈ဝ ရာခိုင်နှုန်းလောက်ဖြစ် နေပြီ''ဟု ယင်းက ပြောကြားသည်။ ယခုကဲ့သို့ အငှားဈေးကွက်ကို ဦးဆောင်လာရခြင်းမှာဝယ်ယူမည့်သူများ မှာ ကိုယ်သုံးနိုင်သည့် ငွေကြေးပေါ်မူ တည်၍ ချင့်ချိန်လာခြင်းကြောင့်ဖြစ်ကြောင်း တိုက်ခန်းများ ငှားရမ်းရာတွင် လည်း အဆောင်သဖွယ် သူငယ်ချင်း များ စုပေါင်းငှားရမ်းမှုများ ပိုမိုများပြား လာကြောင်းနှင့် ပြီးခဲ့သည့် အောက်တိုဘာလတစ်လလုံးတွင် အငှားပိုဖြစ် ကြောင်း ယင်းက ထပ်မံပြောကြာ သည်။ မင်းးသန့််
Background