Main menu

Background

နိုဝင်ဘာနောက်ဆုံးပတ်တွင် ပွိုင့်လတ်မြေကွက်များ အဝယ်ပြန်ရှိလာ

Tue, 11/30/2010 - 07:33 -- Anonymous (not verified)

 နိုဝင်ဘာနောက်ဆုံးပတ်တွင် ပွိုင့်လတ်မြေကွက်များ အဝယ်ပြန်ရှိလာ           ဈေးကွက်အတန်ငယ်အေးနေသော အိမ်ခြံမြေဈေးကွက်တွင် ယခုအပတ်အတွင်း ပွိုင့်လတ်မြေကွက် များ အဝယ်ပြန် ရှိလာကြောင်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများက သိရသည်။         '' နိုဝင်ဘာ နောက်ဆုံးပတ်အတွင်းမှာ ကျပ်သိန်း ၃ဝဝဝ၊ ကျပ်သိန်း ၅ဝဝဝ နဲ့ကျပ်သိန်း ၇ဝဝဝ ပွိုင့်လတ် မြေကွက်တွေ အကြည့်များသလို အဝယ်လည်းပြန်ရှိလာပါတယ်။ အရောင်းအဝယ်တည့်သွားတဲ့ နေရာတွေက စမ်းချောင်းမြို့နယ်၊ ပြည်လမ်းမ ကြီးအနီး ကမာရွတ်မြို့နယ် ပြည်လမ်းသွယ်၊ ဗဟန်းမြို့နယ်ထဲက ဝင်ဒါမီယာလမ်းနဲ့ ရွှေတောင်ကြားဘက်မှာ အရောင်းအဝယ် တွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီရုံးခန်းဖွင့်ဖို့၊ ကွန်ဒိုတွေ၊ လုံးချင်းတိုက်အငှားတွေ၊ စက်ရုံအငှားတွေဆိုရင် လှိုင်သာယာနဲ့ ရွှေလင်ပန်းစက်မှုဇုန်အပါအဝင် စုစုပေါင်း ၁၅ ဦး အငှားဝန်ဆောင်မှုကို ကျွန်တော်တို့ကုမ္ပဏီက ဆောင်ရွက်ပေးခဲ့ရပါတယ်'' ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ခင်မျိုးသွယ်