Main menu

Background

အောင်ပန်းချင်း ဈေးကွက်ထဲ ပုံမှန်အဝယ်ရှိလို့ ဈေးလျော့လာ

Tue, 11/30/2010 - 07:43 -- Anonymous (not verified)

အောင်ပန်းချင်း ဈေးကွက်ထဲ ပုံမှန်အဝယ်ရှိလို့ ဈေးလျော့လာ                  မြန်မာနိုင်ငံမှာ ချင်းကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ အများဆုံး စိုက်ပါတယ်။ အရင်ကတော့ ပြည်တွင်း ဈေးကွက်သာရှိပေမဲ့ အခုနောက်ပိုင်း နှစ်တွေမှာ ပြည်ပဈေးကွက်ထိ ကျယ်ပြန့်လာပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ချင်းကို နှစ်စဉ်ဧက ၇ဝဝဝ ကျော်စိုက်ပိုျးပါတယ်။ ကလောမြို့နယ်မှာ အများဆုံးစိုက်ပျိုးပြီး ဒုတိယအများဆုံးစိုက်တာကပင်လောင်းမြို့နယ်၊ တတိယအများဆုံးက နမ့်စန်မြို့နယ် ဖြစ်ပါတယ်။ ချင်းကို ဧပြီ၊ မေလတွေမှာ စိုက်ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ပြန်ပြီးတူး ဖော်ကြပါတယ်။ ဒီနှစ်က ချင်းဈေးကောင်းတာကြောင့် ချင်းစိုက်တောင်သူ တွေ လည်းမိုးတစ်ပြိုက်နှစ်ပြိုက်ကျတာနဲ့အမြန်ပြန်စိုက်ကြတာကြောင့် အောက်တိုဘာလ လယ်လောက်မှစပြီး ဈေးကွက်ကိုဝင်လာပါတယ်။ ကလောမြို့နယ်က ချင်းတွေကိုတော့ ဥမအဖြစ်ပြန်ဖော်ပြီး ရောင်းပေမဲ့ နမ့်စန်မြို့နယ်၊ ဟိုပုံးမြို့နယ်တွေကတော့ ဥမကို မဖော်ဘဲ ချင်းတက်ကိုသာ ရောင်းတာကြောင့် ဟိုပုံး၊ နမ့်စန်ချင်းက ပိုပြီး အခက်လှလို့ ဈေးကွက်ပိုဝင်တယ်လို့ သိရပါတယ်။ ဟိုပုံး၊ နမ့်စန်ကချင်းတွေကတော့ ဒီဇင်ဘာလလယ်လောက်မှဈေးကွက်ကိုစပြီးဝင်မှာဖြစ်ပါတယ်။အောင်ပန်း ဈေးကွက်မှာ ချင်း (စို)တွေ ပုံမှန်ဝင်နေတာကြောင့် ဈေးကတော့ အနည်းငယ် ကျလာပါတယ်။ အကြီးအခက်လှတွေက တစ်ပိဿာ ၈ဝဝ ကျပ်၊ အလတ်စတွေက တစ်ပိဿာ ၇ဝဝ ကျပ်ဈေးရှိပါတယ်။ ဒီနှစ်ကချင်းစိုဈေးကောင်းနေတာကြောင့် ချင်းခြောက်အဖြစ်ပြုလုပ်တာနည်းပြီး ချင်းစိုအတိုင်းသာ ရောင်းနေတယ်လို့ သိရပါတယ်။ လက်ကျန်ချင်းခြောက်ကတွေကတော့ တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေး ရှိပါတယ်။           ဧဧခိုင်