Main menu

Background

လက်ကျန်နည်းလာပြီဖြစ်လို့ တစ်ရက်အတွင်း အိန္ဒိယနနွင်းဈေး ကန်ဒေါ်လာ ၈၈ မြင့်တက်

Tue, 11/30/2010 - 08:01 -- Anonymous (not verified)

လက်ကျန်နည်းလာပြီဖြစ်လို့ တစ်ရက်အတွင်း အိန္ဒိယနနွင်းဈေး ကန်ဒေါ်လာ ၈၈ မြင့်တက်            အိန္ဒိယရဲ့ အဓိကနနွင်းဈေးကွက်ဖြစ်တဲ့ အီရော့ကလွဲပြီး ကျန်ဈေးကွက်တွေမှာ လက်ကျန်မရှိသလောက် နည်းသွားပြီ ဖြစ်လို့ ကုန်သည်များ အီရော့ဈေး ကွက်ကို စုပြုံဆင်းဝယ်လာကြတာကြောင့် တစ်ရက်အတွင်း နနွင်းတစ်တန်ကို ရူပီး ၄ဝဝဝ(ကန်ဒေါ်လာ ၈၈) မြင့်တက်ခဲ့တယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာဗွီရာဗီရှန်ကာက နိုဝင်ဘာ လ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဈေးကွက်များမှာရော အင်ဒရာပရာဒေ့ရှ် ဈေးကွက်တွေမှာ ပါ နနွင်းလက်ကျန် ပြတ်သလောက်ဖြစ်နေပြီလို့ ဆိုပါတယ်။ နနွင်းတောင်သူများအနေနဲ့ လက်ရှိရောင်းရတဲ့ဈေးကို အလွန်အမင်း ကျေနပ်နေကြတယ်လို့လည်း ၎င်းကဆိုပါတယ်။             အီရော့နနွင်းကုန်သည်များအသင်းရောင်းချတဲ့ ဈေးကွက်မှာနနွင်းအခက် (လက်ချောင်း)ဈေးက တစ်တန်ကို ရူပီး ၉၅ဝ၁ဝ-၁၅၃၈၉ဝ (ကန်ဒေါ်လာ ၂ဝ၉၃-၃၃၉ဝ) ရှိပြီး နနွင်းဥဈေးက ရူပီး ၉ဝဝဝဝ-၁၅၂၈၉ဝ (ကန်ဒေါ်လာ ၁၉၈၂- ၃၃၆၈) ရှိခဲ့လို့ နိုဝင်ဘာလ ၂၂ ရက်နေ့ထက် တစ်တန်ကို ရူပီး ၄၃ဝဝ (ကန်ဒေါ်လာ ၉၅) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အီရော့သမဝါယမဈေးကွက်အတွင်းမှာတော့ နနွင်းအခက်(လက်ချောင်း)တစ်တန်ကို ရူပီး ၁၄၉၂၉ဝ-၁၅၅၂၉ဝ (ကန် ဒေါ်လာ ၃၂၈၈-၃၄၂ဝ) ဈေးရှိပြီး နနွင်းဥဈေးကရူပီး ၁၅ဝ၆၁ဝ-၁၅၄၄၉ဝ (ကန် ဒေါ်လာ ၃၃၁၇-၃၄ဝ၃) ဖြစ်ခဲ့လို့ယခင်ရက်ထက် ရူပီး၄၁ဝဝ (ကန်ဒေါ်လာ ၉ဝ) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။         နနွင်းသစ်များဈေးကွက်ကို ဇန်နဝါရီလမှာ ဝင်ရောက်မှာဖြစ်ပေမဲ့ နနွင်းစိုက်တဲ့ဒေသအချို့မှာ မိုးရက်ရှည် ရွာသွန်းနေ တာကြောင့် နနွင်းဝင်ရောက်မှု နှောင့်နှေးနိုင်တယ်လို့ ဆိုပါတယ်။ ယခင်နှစ်က နနွင်းအိတ်ပေါင်း ၄၅ သိန်းထွက် ရှိခဲ့ရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၆၅ သိန်းခန့်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိအချိန်ထိ နနွင်းစိုက်ပျိုးပြီး ဟက်တာ ၂ ဒသမ ဝ၆ သိန်း ရှိလို့ ယခင်နှစ် ကာလတူစိုက်ဟက်တာ ၁ ဒသမ ၈ဝ သိန်းထက် ပိုမိုနေပါတယ်။ ဈေးကွက်တွေကို ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားကောင်းနေတာကြောင့် ကာလတိုအတွင်း ဈေးနှုန်းခိုင်မာဦးမယ်လို့ ဈေးကွက်က ခန့်မှန်းကြပါ တယ်။                                                                        ယမင်းခင်၊ှSources: businessline