Main menu

Background

တောင်ငူဆန်ဈေးကွက်မှာ ဆန်သစ်က ရောင်းပန်းလှ

Tue, 11/30/2010 - 08:43 -- Anonymous (not verified)

 တောင်ငူဆန်ဈေးကွက်မှာ ဆန်သစ်က ရောင်းပန်းလှ             ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း တောင်ငူမြို့နယ်အနီးရှိ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူးမြို့နယ်များက ထွက်တဲ့ ဆန်များကို တောင်သူဆန်ဈေးကွက်ရှိ ဆန်ပွဲရုံများသို့ တင်ပို့ရောင်းချပြီး တောင်ငူမြို့မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်ဒေသများသို့ ထပ်ဆင့်တင်ပို့ရောင်းချကြပါတယ်။               တောင်ငူဒေသတစ်ဝိုက်မှာ အောက်တိုဘာ ပထမပတ်က အုတ်တွင်းမြို့နယ်မှ စပြီး ကောက်စောစပါး စပေါ်ခဲ့ပြီး၊  ကောက်စော ဧည့်မထ (အလတ်စ) တစ်အိတ်ကို ၁၃၅ဝဝ ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပါတယ်။ မုန်တိုင်းမိုးကြောင့် ကောက်စောစပါးရိတ်သိမ်းမှုကို အနည်းငယ် ကြန့်ကြာစေတဲ့အတွက် အောက်တိုဘာနောက်ဆုံးပတ်နဲ့ နိုဝင်ဘာ ပထမပတ်မှာ ဆန်သစ်ဈေးအနည်းငယ်တက်ခဲ့ပြီး ဆန်သစ်တစ်အိတ်ကို ၁၄ဝဝဝ ကျပ်ခန့် ဈေးပေါက်ခဲ့ပါတယ်။ မိုးပြတ်သွားခဲ့တဲ့အတွက် နိုဝင်ဘာ ဒုတိယပတ်ကစပြီး အုတ်တွင်းမြို့နယ်အပြင်၊ ထန်းတပင်၊ တောင်ငူ၊ ဖြူး၊ ရေတာရှည်စတဲ့ မြို့နယ်များမှလည်း မိုးစပါးသစ်များ အပြိုင်အဆိုင်ရိတ်သိမ်းပြီး တင်ပို့ရောင်းချလာခဲ့ရာ နိုဝင်ဘာ ဒုတိယပတ်မှာ ဆန်သစ်တစ်အိတ်ကို ၁၄ဝဝဝ ခန့်မှ တတိယပတ်မှာ ဆန်သစ်တစ်အိတ် ၁၂၅ဝဝ ကျပ်သို့ လည်းကောင်းကျဆင်းခဲ့ပါတယ်။  ဒေသအတွင်း ဆန်သစ်ကြိုက်သူအချို့စားသုံးမှုရှိသလို ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့သို့လည်း တစ်နေ့ကို ဆန်အိတ် ၃ဝဝဝ မှ ၅ဝဝဝ အထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ TT