Main menu

Background

အိန္ဒိယသွားလိုသူများ မန္တလေးမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးတွင် ဗီဇာများအလွယ်တကူ လျှောက်ထားရယူနိုင်

Tue, 11/30/2010 - 09:03 -- Anonymous (not verified)

 အိန္ဒိယသွားလိုသူများ မန္တလေးမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးတွင် ဗီဇာများအလွယ်တကူ လျှောက်ထားရယူနိုင်             အိန္ဒိယနိုင်ငံသို့ အလည်သွားလိုသူများ၊ ဘုရားဖူးသွားလိုသူများ၊ ပညာ သင်သွားလိုသူများအတွက် ဗီဇာများကို မန္တလေးမြို့ပေါ်ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးတွင် အလွယ်တကူ လျှောက်ထားရယူနိုင်ကြောင်း သိရပါတယ်။ အိန္ဒိယ- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ထူထောင်စေချင်၍ မြန်မာနိုင်ငံသားများကို သွားရောက်လေ့လာစေလို၊ သိစေလို၍ မန္တလေးမြို့တွင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဗီဇာကို အနည်းဆုံး ၁၅ ရက်မှ အများဆုံး ၅နှစ်အထိ ခွင့်ပြုပေးလျက်ရှိတယ်လို့ မန္တလေးမြို့ အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ သိရပါတယ်။ ထို့အပြင် မြန်မာနိုင်ငံရောက် အိန္ဒိယနိုင်ငံသား များအား ပတ်စ်ပို့ပျောက်ဆုံးပါက ပြန်လည်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။            ဗီဇာနှုန်းထားများမှာ ၁၅ ရက်ဗီဇာအတွက် ကန်ဒေါ်လာ (သို့မဟုတ်) FEC 20 ၊ ၆ လဗီဇာအတွက် (အလည်အပတ်ဗီဇာ) ကန်ဒေါ်လာ (သို့မဟုတ်) FEC 40 ၊ တစ်နှစ်ဗီဇာအတွက် ကန်ဒေါ်လာ (သို့မဟုတ်) FEC 65၊ ၅ နှစ် ဗီဇာအတွက် ကန်ဒေါ်လာ (သို့မဟုတ်) FEC 130 ၊ ကျောင်းသားဗီဇာအတွက် (တစ်နှစ်အတွက်) ကန်ဒေါ်လာ (သို့မဟုတ်) FEC 75၊ (ခရီးသွားခေတ္တနေ၊ ကျောင်းသားဗီဇာများမှအပ) အခြားဗီဇာများမှာ ခြောက်လအထိ ကန်ဒေါ်လာ (သို့မဟုတ်) FEC 80 ၊ တစ်နှစ်စာ ကန်ဒေါ်လာ (သို့မဟုတ်) FEC 120 ၊ ငါးနှစ်အတွက် ကန်ဒေါ်လာ (သို့မဟုတ်) FEC 200  တို့ဖြစ်ကြပြီး ဖက်စ်ပို့ခ ၂၅ ဒေါ်လာပေးဆောင်ရမယ်လို့ သိရပါတယ်။  ဗီဇာလျှောက်လွှာများကို ရုံးဖွင့်ရက်နေ့တိုင်း နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း လက်ခံပြီး ညနေ ၄ နာရီမှ ၅ နာရီအတွင်း ပြန်ထုတ်ပေးလျက် ရှိကြောင်း သိရပါတယ်။                                                   ဇူးဇူး