Main menu

Background

တောင်ကိုရီးယားရှိ နိုင်ငံခြားသား လုပ်သားတို့ရဲ့ အလုပ်အကိုင် ကူးပြောင်းခွင့်ကို ကန့်သတ်

Tue, 11/30/2010 - 09:16 -- Anonymous (not verified)

 တောင်ကိုရီးယားရှိ နိုင်ငံခြားသား လုပ်သားတို့ရဲ့ အလုပ်အကိုင် ကူးပြောင်းခွင့်ကို ကန့်သတ်                                  တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံခြားသား လုပ်သားတွေ အလုပ်အကိုင် ရွှေ့ပြောင်းတာကို ကန့်သတ်မဲ့ စည်း ကမ်း ဥပဒေထွက်ပေါ်တော့မှာ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှု၊ လယ်ယာ စိုက်ပိုျးရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ ဆောက် လုပ်ရေးလုပ်ငန်းကဏ္ဍတွေမှာ လုပ်ကိုင် နေကြတဲ့ နိုင်ငံခြားသားလုပ်သားတွေရဲ့ အလုပ်ရွှေ့ပြောင်းမှုကိုကန့်သတ်တော့ မှာ ဖြစ်ပါတယ်။               ၂ဝဝဝ၇ ခုနှစ်ကစပြီး ''အလုပ်လုပ် ကိုင်ခွင့်စနစ်''အရ ဒီလုပ်သားတွေကို ထိန်းချုပ်ထားပါတယ်။ ဒီစနစ်အရ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေက နိုင်ငံခြားသားလုပ်သားတွေကို ငှားရမ်း နိုင်ခွင့် ရှိရပါမယ်။စီးပွားရေးလုပ်ငန်းတွေ နဲ့အလုပ်လုပ်ကိုင်ခွင့်ကန်ထရိုက်စာချုပ်ချုပ် တဲ့ လုပ်သားတွေက လုပ်ငန်းဗီဇာရှိရပါမယ်။ လောလောဆယ်မှာ ဒီလို အခွင့် အရေးရှိတဲ့ လုပ်သားတွေဟာ သူတို့ရဲ့ ဗီဇာသက်တမ်း သုံးနှစ်အတွင်းမှာ အလုပ်အကိုင်ကို သုံးကြိမ်သာ ပြောင်း ရွှေ့ခွင့် ရှိပါတယ်။               အသေးစားနဲ့အလတ်စား စီးပွားရေး လုပ်ငန်း(အက်စ်အမ်အီး) ၁ဝဝဝ ကို စစ်တမ်းကောက်ယူခဲ့တဲ့ ကိုရီးယား အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းဖက်ဒရေးရှင်း(Kbiz )ရဲ့စစ်တမ်း အရရွှေ့ပြောင်းလုပ်သားတွေကို အကြိမ် အကန့်အသတ်မရှိ အလုပ်ရွှေ့ပြောင်း ခွင့်ပြုမယ်ဆိုရင် သူတို့ရဲ့လုပ်ငန်းတွေ ကျဆင်းမှု ရှိလိမ့်မယ်လို့ အသေးစား လုပ်ငန်းတွေရဲ့ ၉၄ ဒသမ ၈ ရာခိုင်နှုန်း ကဖြေကြားပါတယ်။သူတို့ရဲ့ကန်ထရိုက် စာချုပ် သက်တမ်းကာလမှာ နိုင်ငံခြား လုပ်သားတွေ အလုပ်ရွှေ့ပြောင်းတာမျိုး နဲ့ ကြုံတွေ့ရတဲ့လုပ်ငန်းက ၆၈ ဒသမ ၉ ရာခိုင်နှုန်းရှိပါတယ်။ သူတို့ထဲက ထက်ဝက်ကျော်ဖြစ်တဲ့ ၅၃ ဒသမ ၅ ရာခိုင်နှုန်းကတော့ တစ်နှစ်အတွင်းမှာ အလုပ်ပြောင်းသွားတာ မျိုးနဲ့ကြုံရတယ် လို့ ဖြေကြားပါတယ်။            နိုင်ငံခြားသား လုပ်သားတွေ အလုပ်အကိုင် ပြောင်းရွှေ့တာကို ကန့် သတ်တာဟာအခြေခံဥပဒေနဲ့ မညီညွှတ်ဘူးလို့ဆိုတဲ့အတွက် ကိုရီးယား အခြေခံဥပဒေတရားရုံး အယူခံ တင် သွင်းမှုနဲ့ ပတ်သက်လို့ ဒီစစ်တမ်းကို ကောက်ယူတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ် သက်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ က တရားရုံးမှာ ကြားနာပြီးဖြစ်လို့ မကြာမီ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။                                                                                      Source:joongang .co.Kr