Main menu

Background

အိုင်ယာလန်နိုင်ငံက ကယ်တင်ငွေ ယူရိုဘီလီယံ ၉ဝ ရမည်

Tue, 11/30/2010 - 09:20 -- Anonymous (not verified)

 အိုင်ယာလန်နိုင်ငံက ကယ်တင်ငွေ ယူရိုဘီလီယံ ၉ဝ ရမည်               တိုကျိုမှ တိုရန်တိုထိဖြစ်ပေါ်နေသော ဖိအားပေးမှုများကြောင့် ယခုနှစ် အတွင်း ယူရိုငွေကြေးသုံးစွဲသော နယ်မြေအတွက် ဒုတိယအကြိမ်အရေးပေါ် ကယ်တင်ငွေ ယူရိုဘီလီယံ ၉ဝ ထုတ်ပေးရမဲ့အခြေအနေမျိုးကို ဥရော ပနှင့် အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)တို့အား တွန်းပို့နေပါတယ်။ ဘဏ္ဍာရေးအကူအညီပေးဖို့အတွက် အိုင်ယာလန်အစိုးရက ဥရောပသမဂ္ဂကို အကူအညီတောင်းခဲ့ရာ သဘောတူညီချက်ကိုရရှိထားပြီးပြီလို့ အိုင်ယာလန်မြို့တော် ဒပ်ဘရင်မှာကျင်းပတဲ့ ဝန်ကြီးအဖွဲ့ အစည်းအဝေးပြီးနောက် အိုင်ယာလန် ဝန်ကြီး ချုပ် ဘရိုင်ယံကိုဝင်က နိုဝင်ဘာ ၂၁ ရက်က ပြောကြားပါတယ်။                   မိတ်ဖက်နိုင်ငံတွေက ကိန်းဂဏန်း အတိအကျ သတ်မှတ်မပေးသေးဘူးလို့ အိုင်ယာလန် ဘဏ္ဍာရေးဝန်ကြီး ဘရိုင်ယံလင်နီဟန်က ပြောကြားပေမဲ့ ယူရိုဘီလီယံ ၈ဝ နဲ့ ၉ဝ ကြား (ဒေါ်လာဘီလီယံ ၁၁ဝ မှ ၁၂၃ ဘီလီယံ) ရှိလိမ့်မယ်လို့ သံတမန်တွေက အေပီ သတင်းဌာနကို ပြောကြားပါတယ်။ ဒပ်ဘရင်မြို့မှာ အိုင်ယာ လန်အစိုးရနဲ့ ဥရောပကော်မရှင်၊ ဥရောပဗဟိုဘဏ်နဲ့ အိုင်အမ်အက်ဖ်က ကျွမ်းကျင် သူတွေက ဆွေးနွေးပြီးတဲ့အခါ အဖွဲ့ဝင်နိုင်ငံတွေက အတည်ပြုချက် ပေးလိမ့် မှာဖြစ်ပါတယ်။                   အိုင်ယာလန်အစိုးရက ၂ဝ၁၄ ခုနှစ်ရဲ့ ဘတ်ဂျက်ကို ယူရို ၁၅ ဘီလီယံထိ လျှော့ချသွားဖို့ ရည်မှန်းထားပါတယ်။ ှSource:AFP