ကိုရီးယားမှာ အိုင်ပက်ရောင်းချဖို့ ရွှေ့ဆိုင်း တောင်ကိုရီးယားတဲဘလက်ပီစီဈေးကွက်မှာ ယှဉ်ပြိုင်မှုတွေပြင်းထန်နေတဲ့အတွက် အက်ပဲရဲ့ အိုင်ပက် တွေကို စတင် ရောင်းချမဲ့ကာလကို လာမဲ့ရက်သတ္တပတ်သို့ ရွှေ့ပြောင်းထားတယ်လို့ တောင်ကိုရီးယားတယ်လီ ဖုန်းကုမ္ပဏီ ကေတီ ကော်ပို ရေးရှင်းက နိုဝင်ဘာ ၂၁ ရက်နေ့က ကြေညာပါတယ်။ တောင်ကိုရီးယားမှာ ကေတီက အိုင်ပက်ရဲ့ တစ်ဦးတည်း ကိုယ်စားလှယ် ဖြစ်ပြီး အက်ပဲတဲဘလက်ပီစီတွေကို မိုဒယ် ၆ မျိုးကို နိုဝင်ဘာ ၃ဝ က စပြီး ဖြန့်ချိရောင်းချမှာဖြစ်ကြောင်းနဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ်ထိ ကြိုတင်အမှာစာ ၄ဝဝဝဝ ကျော်ရထားပြီလို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။ အိုက်ပက်ကို စီးပွားဖြစ်ရောင်းချခွင့်ကို ဆိုးလ်မြို့မှာ ပိတ်ထားပေမဲ့ နိုင်ငံပြင်ပကနေ တစ်ဦးကို တစ်လုံးကျ သယ်ခွင့် ပေးထားပါတယ်။ ယခုအိုင်ပက်စက်က ဝိုင်ဖိုင်နဲ့ သရီးဂျီဆက်သွယ်မှု နှစ်ခုစလုံးကို ရရှိအောင်ဆောင်ရွက်ထားပါတယ်။ ယခင် ကိုရီးယား ပြင်ပမှာ ထုတ်ခဲ့တာတွေက ဝိုင်ဖိုင်ဆက်သွယ်မှုတစ်ခုတည်းကိုသာ ရရှိပါတယ်။ အိုင်ပက်ရဲ့ ဘက်ထရီတွေက အင်တာနက်ကို ဝိုင်ဖိုင်ကနေတစ်ဆင့် ဆက်သွယ်ရင် ဆယ်နာရီကျော်နဲ့ သရီးဂျီကတစ်ဆင့် ဆက်သွယ်ရင် ကိုးနာရီကျော်အသုံးခံပါတယ်။ ကိုရီးယားရဲ့ အကြီးမားဆုံးမိုဘိုင်းကယ်ရီယာ အက်စ်ကေတယ်လီကွန်ကုမ္ပဏီက ဆမ်ဆောင်းရဲ့ ဂယ်လာဇီတက်ကို နိုဝင်ဘာ ၁၃ ရက်က စတင်ရောင်းခဲ့ရာ ရက်သတ္တပတ်တစ်ပတ်အတွင်း လုံးရေ ၂၅ဝဝဝ ရောင်းချနိုင်ခဲ့ပါတယ်။ Source:yonhap.com
Background