Main menu

Background

နယူးဇီလန် သတ္တုတွင်းလုပ်သား ၂၉ ဦး သေဆုံးဖွယ်ရ

Tue, 11/30/2010 - 09:33 -- Anonymous (not verified)

 နယူးဇီလန် သတ္တုတွင်းလုပ်သား ၂၉ ဦး သေဆုံးဖွယ်ရ              ဒုတိယအကြိမ်ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် ကျောက်မီးသွေးတွင်းထဲမှာ ပျက်စီးမှုတွေဖြစ်တဲ့အတွက် နယူးဇီလန် ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေတဲ့သူ ၂၉ ဦးစလုံးသေဆုံးဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာလ ၂၄ ရက်နေ့က ပြောပါတယ်။အသက်ရှင်ဖို့ အခွင့်အလမ်းတစ်ယောက်မှ မရှိဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။ ဝန်ကြီးချုပ်ဂျွန်ကီးက ''အမျိုးသား ကြေကွဲမှု''အဖြစ် သတ်မှတ်ပြီး အလံတွေကို တိုင်ဝက်လွှင့်ထူဖို့ ပန်ကြားပါတယ်။              နယူးဇီလန်ရဲ့တောင်ကျွန်းက တောင်ခြေတစ်ခုမှာရှိတဲ့ ပိုက်ရေးဗားသတ္တုတွင်းဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ကနဦး တစ်ကြိမ်ပေါက်ကွဲပြီး ၅ ရက်အကြာ နိုဝင်ဘာ၂၄ ရက်နေ့လည် ၂ း၃၇ နာရီမှာ ဒုတိယအကြိမ် ပေါက်ကွဲတာ ဖြစ်ပါတယ်။            ပေါက်ကွဲမှုထဲမှာပါသွားသူတွေထဲမှာ အသက်အရွယ်အားဖြင့် ၁၇ နှစ်သားလူသစ်တစ်ဦးနဲ့ အသက် ၆၂ နှစ်ရွယ် တစ်ဦးပါဝင်ပါတယ်။ သြစတြေးလျလူမျိုးနှစ်ဦး၊ ဗြိတိန်လူမျိုးနှစ်ဦးနဲ့ တောင်အာဖရိကနိုင်ငံသားတစ်ဦး ပါဝင်ပါတယ်။ အဝေးထိန်းစနစ်သုံးရိုဘော့ကို အသုံးပြုပြီး ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ရာ ပထမရိုဘော့ ပျက်စီးခဲ့ပါ တယ်။ဒုတိယရိုဘော့က မြေအောက်တစ်ကီလိုမီတာ(တစ်မိုင်၏သုံးပုံနှစ်ပုံ)ထိရောက်ရှိပြီး သတ္တုတွင်းကို ရှာဖွေတဲ့အတွက် အသက်ရှင်ကျန်သူနှစ်ဦးအနက်တစ်ဦးကိုဦးထုပ်မီးဖွင့်လျက်တွေ့ရပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် လှိုဏ်ခေါင်းတစ်ခုလုံးဓါတ်ငွေ့တွေပြည့်ပြီး လုပ်ငန်း တွေရပ်ဆိုင်း သွားခဲ့ပါတယ်။            နယူးဇီလန်ဟာ ၁၉၆၇ ခုနှစ်ကတစ်ကြိမ်သတ္တုတွင်းပေါက်ကွဲလို့ သတ္တုတွင်းလုပ်သား ၁၉ ဦး ဆုံးရှုံးခဲ့ပါတယ်။ ယခုလို အများအပြားသေးဆုံးမှု ဖြစ်တာကတော့ ၁၉၁၄ ခုနှစ်ကဖြစ်ပြီး လူ ၄၃ ဦးသေဆုံးခဲ့ပါတယ်။ ဒီကျောက်မီးသွေးတွင်းဟာ တွင်းသစ်တစ်ခုဖြစ်ပြီး သံမဏိအရည်ကြိုတဲ့ ကုတ်မီးသွေးတွေကို ထုတ်လုပ်ပါတယ်။ ယခုနှစ်အတွင်း အိန္ဒိယကို ပထမဆုံးသင်္ဘောတစ်ခေါက်သာ ပို့ရပါသေးတယ်။ ှSource:AFP