Main menu

Background

ချွတ်ယွင်းမှုရှိတဲ့ ကားခုနှစ်သောင်းကျော်ကို မာဇဒါက ပြန်သိမ်း

Tue, 11/30/2010 - 09:45 -- Anonymous (not verified)

 ချွတ်ယွင်းမှုရှိတဲ့ ကားခုနှစ်သောင်းကျော်ကို မာဇဒါက ပြန်သိမ်း          လောင်စာဆီပန့်ချွတ်ယွင်းပြီး အင်ဂျင်စက်ရပ်သွားနိုင်တဲ့ ချွတ်ယွင်းမှုကြောင့် ဂျပန်ပြည်တွင်းမှ မော်တော်ကား စင်းရေ ၇၂ဝဝဝ ကျော်ကိုပြန်လည်သိမ်းယူမယ်လို့ မော်တော်ကားကုမ္ပဏီမာဇဒါက နိုဝင်ဘာလ ၂၅ ရက်က ကြေညာပါတယ်။ ဂျပန်ပြည်တွင်းမှာတော့ ကုမ္ပဏီကပြီးခဲ့တဲ့နှစ် ဇွန်နဲ့ ဒီနှစ်ဧပြီလတွေအတွင်း ထုတ်လုပ်ခဲ့တဲ့ပရီမေစီနဲ့ ဘီယန်တီမိုဒယ် စီးရေ ၂၈၂၃၈ စင်းကို သိမ်းယူမယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။           ပန့်တွေလေလုံမလုံကို စက်ရုံထဲမှစစ်ဆေးတဲ့အချိန်တုန်းက မတော်တဆလေခိုသွားရာကနေ အစိုဓါတ်ဝင်ပြီး ပန့်တွေ ပျက်စီးသွားတာဖြစ်နိုင်ပါတယ်။ ပန့်တွေကို အခမဲ့အစားထိုး ပြင်ဆင်ပေးမှာဖြစ်တယ်လို့ ကုမ္ပဏီပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။          ပြည်ပမှာရှိတဲ့ ပရီမေစီကားစီးရေ ၄၄ဝဝဝ ကိုပြန်လည်သိမ်းယူမှာဖြစ်ပြီး အထူးသဖြင့် မြောက်အမေရိက၊ ဥရောပနဲ့ တရုတ်နိုင်ငံတွေကဖြစ်ပါတယ်။ဒီကားမိုဒယ်တွေကိုတော့ အများကမာဇဒါဖိုက်လို့အသိများပါတယ်။ သိမ်းယူထားတဲ့ကားတွေကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ စည်းမျဉ်းဥပဒေတွေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Source:AFP