ဂျပန်ပါလီမန်က စီးပွားရေးတွန်းအားပေးအစီအစဉ်ကို အတည်ပြု စီးပွားရေးဆုတ်ကပ် နောက်တစ်ကျော့ ပြန်လည်ဖြစ်ပွားမှာကို ကာကွယ်တဲ့အနေနဲ့ စီးပွားရေးတွန်းအားပေး အစီအစဉ်နောက်ထပ် ယန်း ၄ ဒသမ ၈ ထရီလီယံ (ဒေါ်လာ ၅၈ ဘီလီယံ) သုံးစွဲဖို့ ဂျပန်ပါလီမန်က နိုဝင်ဘာ ၂၆ ရက်က အတည်ပြုခဲ့ပါတယ်။ယခုအစီအစဉ်က ဝန်ကြီးချုပ် နာအိုတိုခန် ရာထူးလက်ခံပြီးနောက်ပိုင်း ဒုတိယအကြိမ်ချမှတ်တဲ့ အစီ အစဉ်ဖြစ်ပြီး အလုပ်အကိုင် အစီအစဉ် သက်သာချောင်ချိရေးနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးအခြေခံ အဆောက်အဦးကို ထောက်ပံ့ရေး အစီအစဉ်တွေအတွက် အသုံးပြုမှာဖြစ်ပါတယ်။ Source:AFP
Background