Main menu

Background

ဘုရင့်နောင်ကုန်စည်ဒိုင်(၂၉-၁၁-၂၀၁၀)

Thu, 12/02/2010 - 05:26 -- Anonymous (not verified)

 ဘုရင့်နောင်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်             ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက မတ်ပဲ(RC) ကိုရန်ကုန်ဈေးကွက်မှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ပို့ကုန်ဝင်ငွေဒေါ် လာ တစ်ယူနစ်တန်ဖိုး ဈေးအတက်အကျအပေါ်မူတည်ပြီး အဝယ်ရှိ သလို လှောင်လက်ကုန်သည်များကလည်း လက်ရှိ ပေါက်ဈေးနှုန်းနဲ့ အရောင်းရှိနေတာကြောင့် တစ်တန်ကို အနိမ့်ဆုံး ၇၇၆ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၉၅ဝဝဝ ကျပ်အတွင်း ၂၄၁၅ တန် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် မတ်ပဲ(SQRC) ကိုလည်းပြည်ပ တင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်များက ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၉၇ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၉၇၂ဝဝဝ ကျပ်အတွင်း ၈၇၄ တန်ခန့်အဝယ်ရှိခဲ တယ်လို့သိရပါတယ်။ ယခင်အပတ်တွေက အရောင်းအဝယ်အေးနေ တဲ့မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ကုန်သည်များ နှင့်ဝယ်ရောင်းကုန်သည်ကြီးများက တစ်ပိဿာကို အနိမ့်ဆုံး ၁၃၂ဝ ကျပ်(တစ်တန်ကို ၈ဝ၈၃၅၄ ကျပ်)မှ တစ်ပိဿာကို အမြင့်ဆုံး ၁၃၇၅ ကျပ်(တစ်တန်ကို ၈၄၂ဝ၃၆ ကျပ်)အတွင်း တန် ၁၅ဝ ခန့်အဝယ်ရှိ ခဲ့တယ်လို့ပဲကုန်သည်တစ်ဦးကဆိုပါတယ်။အလားတူပဲစင်းငုံနီ(RC) က လည်းရက်အတန်ကြာအရောင်းအဝယ်အေးနေရာက ဒီတစ်ပတ်မှာ ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်ကြီးများက တစ်တန်ကို ၅၁ဝဝဝဝ ကျပ်နဲ့ တန် ၁၁၅ တန်အဝယ်ပြန်ရှိလာတယ်လို့ပဲကုန်သည် ကြီးများကဆိုပါတယ်။