Main menu

Background

မန္တလေး ကုန်စည်ဒိုင်(၂၉-၁၁-၂၀၁၀)

Thu, 12/02/2010 - 05:44 -- Anonymous (not verified)

မန ္တလေးမှာ ပဲတီစိမ်းနဲ့ ကုလားပဲဖြူကြီးဈေးကျလာ           ပဲတီစိမ်းကြီးကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များနဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလိုဝယ်အားပါနည်းသွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၄၇၆ ကျပ်(တစ်တန်ကို ၉ဝ၃၈၈၇ ကျပ်) နဲ့ နေ့စဉ်အိတ် ၁၅ဝဝ နဲ့ ၂ဝဝဝ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဖြူလံုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များသာ အဝယ်အထိုက် အလျောက်ရှိပြီး ရန်ကုန်ဝယ်လက်က အဝယ်ပြန်အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၄ဝ ကျပ် (တစ်တန်ကို ၇၅၉၃၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။