Main menu

Background

မုံရွာ ကုန်စည်ဒိုင်(၂၉-၁၁-၂၀၁၀)

Thu, 12/02/2010 - 05:47 -- Anonymous (not verified)

မုံရွာမှာ ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်းကြီးကျဈေးနဲ့အရောင်းအဝယ်ဖြစ်           ကုလားပဲဖြူလုံးကြီး ကို ပဲခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာ ကို ၁၂၁၁ ကျပ်(တစ်တန်ကို ၇၄၁၆ဝ၄ ကျပ်)နဲ့ ဈေးလျော့အဝယ်ရှိ သလို ရောင်းသူကုန်သည်များကလည်း ပစ္စည်းလက်ကျန်နည်းနေတဲ့ အပေါ်ဝယ်ယူတဲ့ဈေးကို မကြိုက်နှစ်သက်တာကြောင့် အရောင်းအ ဝယ်ဖြစ်မှုနည်းခဲ့တယ်လို့သိရပါတယ်။ ပဲတီစိမ်းကြီးက ဈေးကွက်သို့ အဝင်နည်းနေသလို မန္တလေးဝယ်လက်ကလည်း အရည်အသွေးလိုနေ တာကို အကြောင်းပြပြီးဈေးချဝယ်ယူခဲ့တာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃၉၅ ကျပ်(တစ်တန်ကို ၈၅၄၂၈၄ ကျပ်)နဲ့နေ့စဉ်အိတ် ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့သိရပါတယ်။