ထိုင်းဘတ်ငွေ တန်ဖိုးကျဆင်းခြင်းကြောင့် ထိုင်းဆန်ဈေးနှုန်းအနည်းငယ်ကျဆင်း ထိုင်းဘတ်ငွေ အားပျော့သွားခြင်း က နိုင်ငံရပ်ခြားမှ ဝယ်ယူသူများ အတွက် ကောက်ပဲသီးနံှဈေးနှုန်းကို ပိုမို ချိုသာစေတာကြောင့် လေးပတ် အတွင်း ထိုင်းဆန်ဈေးနှုန်း ပထမဆုံးအကြိမ် သုည ဒသမ ၂ ရာခိုင်နှုန်းကျ ဆင်းသွားခဲ့ကြောင်း ထိုင်းဆန်တင်ပို့သူ များ အသင်းမှ ပြောကြားလိုက်ပါတယ်။ ၁ဝဝ ရာခိုင်နှုန်း grade-B ဆန်ဖြူ အမျိုးအစားက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွင် တစ်တန်ကို ကန်ဒေါ်လာ ၅၅၂ ရှိရာမှာ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တစ်တန်ကို ကန်ဒေါ်လာ ၅၅၁ ကိုကျဆင်းသွားခဲ့သလို၂၅ မှတ် ဆန်မှာ တစ်တန်ကိုကန်ဒေါ်လာ ၄၈ဝ ကိုဈေးကျသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှု ဖြစ် ပေါ်ခဲ့တာကြောင့် ယခုနှစ်အတွက် ဆန်ထုတ်လုပ်မှုက ၇ ရာခိုင်နှုန်းကျဆင်း သွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ လယ်ယာ စိုက်ပျိုးရေးနဲ့ သမဝါယမ ဝန်ကြီး Theera Wongsamut မှ အင်တာဗျူး တွင် ဖြေကြားခဲ့ပါတယ်။ အေးမွန်မွန်လှိုင် Source:bloomberg.com
Background
