တောင်ကိုရီးယားက ဆန်တင်သွင်းမှု မြင့်တက်ဖွယ်ရှိ နိုဝင်ဘာလ ၁ ရက်မှာစတင်တဲ့ ယခုနှစ် စပါးရာသီအတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုဟာ ယခု နှစ် အစောပိုင်းက ခန့်မှန်းထဲ့ တန်ချိန် ၆ ဒသမ ၆၄၃ သန်းထက် ကျဆင်းပြီး တန်ချိန် ၅ ဒသမ ၈ဝ၄ သန်းသာ ထွက် ရှိနိုင်တယ်လို့ အမေရိကန်စိုက်ပျိုးရေး ဌာန ပြည်ပ စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှု အေဂျင်စီ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရပါတယ်။ ဒါကြောင့် ယခင်နှစ်က ဆန်တန်ချိန် ၂၉၂ဝဝဝ တင်သွင်းခဲ့တာထက် ပိုပြီး ယခုနှစ် ဈေးကွက်ရာသီမှာ တန်ချိန် ၃၃ဝဝဝဝ ခန့် တင်သွင်းရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မကြာသေးခင်က တောင်ကိုရီးယား အစိုးရ ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ရာသီဥတု ဆိုးဝါးလာခြင်းကြောင့် နိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုဟာ နှစ် ၃ဝ အတွင်း အနိမ့်ဆုံးကို ကျဆင်းလာတယ် လို့ ဆိုပါတယ်။ ကိုရီးယား စာရင်းအင်း ဌာနရဲ့ စာရင်းတွေအရ ယခုနှစ်နိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုဟာ တန်ချိန် ၄ ဒသမ ၂၉ သန်းရှိလို့ ၂ဝဝ၉ ခုနှစ် ထွက်ရှိတဲ့ တန်ချိန် ၄ ဒသမ ၉၁ သန်းထက် ၁၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၈ဝ ခုနှစ်မှာ အအေးလွန်ကဲပြီး သီးနံှများပျက်စီးခဲ့လို့ ဆန်တန်ချိန် ၃ ဒသမ ၅၅ သန်းနဲ့ အနိမ့်ဆုံးကို ကျဆင်းခဲ့ဘူးတယ်လို့ သိရပါတယ်။ လမင်း၊ Sources: oryza. com
Background