Main menu

Background

ရွှေဝါဟင်္သာနဲ့ အကျိုးတူစပါးများ ရိတ်သိမ်းပြီ

Mon, 12/06/2010 - 06:27 -- Anonymous (not verified)

 ရွှေဝါဟင်္သာနဲ့ အကျိုးတူစပါးများ ရိတ်သိမ်းပြီ             ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ ရွှေဝါဟင်္သာ ဆန်စပါး အထူးပြုမှ ဒေသခံ ဒါရိုက်တာနဲ့ အဖွဲ့ဝင်များဟာ ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိရာ ကြို့ပင်ကောက်မြို့နယ်၊ ဘုကြီးအုပ်စုမှ ပုဏ္ဏရိပ် ကျေးရွာနဲ့ ဘုကြီးကျေးရွာများတွင် ကုမ္ပဏီနဲ့ အကျိုးတူ စိုက်ပျိုးထားသော လယ်မြေများသို့ သွားရောက်ခဲ့ကြကြောင်း သိရပါ တယ်။ ၎င်းလယ်မြေများတွင် စိုက်ပိုျးထားသော ဆင်းသွယ်လတ် စပါးများမှာ ကုမ္ပဏီ၏ ပံ့ပိုးမှုများဖြင့် အောင်မြင် ဖြစ်ထွန်းမှုများ ရှိခဲ့ကြပြီး၊ ရိတ်သိမ်းနယ်လှေ့ကြရာတွင် တစ်ဧကလျှင် တင်း ၇ဝ ခန့်ထွက်ရှိကြောင်း သိရပါတယ်။ ရွှေဝါ ဟင်္သာဆန်စပါး အထူးပြုကုမ္ပဏီနဲ့ အကျိုးတူဆောင်ရွက်ထားသော လုပ်ငန်းများမှာ ၂ဝ၁ဝ-၂ဝ၁၁ တွင် တိုးတက်မှု များ ရှိလာမှာဖြစ်ပြီး၊ လာမဲ့ ၂ဝ၁၁-၂ဝ၁၂ မိုးရာသီတွင် လည်း တောင်သူများအား အထွက်ကောင်းမျိုး ကောင်း မျိုးသန့် စပါးများနဲ့ ဓာတ်မြေသြဇာ သွင်းအားစုကိုလည်း လုံလောက်စွာ ပံ့ပိုးပေးမှာ ဖြစ် ကြောင်းနဲ့ လက်လုပ်စက်များ၊ ေြွခလှေ့ စက်များကိုလည်း ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။                                                            ခင်ဆွေဝင်း