ဥတိုကြီးပေါ်ဆန်းမွှေး စပါးစိုက်ခင်း တိုင်းဒေသကြီးဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး ၂ဝ၁ဝ ခု ဒီဇင်ဘာလ ၂ ရက်က ဧရာဝတီ တိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် တင်မောင်ဝင်း သည် ပုသိမ်မြို့ ဥတိုကြီးကျေးရွာ၊ ဥတို ပေါ်ဆန်း စပါးစိုက်ခင်းသို့ရောက်ရှိပြီး၊ ဧရာပုသိမ်ဆန်စပါး အထူးပြုကုမ္ပဏီနဲ့ အကိုျးတူ ပူးပေါင်းဆောင်ရွက်နေသော ဥတိုပေါ်ဆန်းစပါးစိုက် တောင်သူများ အား တွေ့ဆုံ၍ အားပေးစကားပြော ကြားခဲ့ပါတယ်။ ပေါ်ဆန်းစပါးစိုက်ခင်းအား ကြည့်ရှု အာေးပးခြင်းနဲ့ ဥတိုကြီးကျေးရွာ မူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများနဲ့ တွေ့ဆုံ၍ ရင်းနှီးစွာဆွေးနွေးလမ်းညွှန်မှာကြားခဲ့ပါတယ်။ အဆိုပါ ကွင်းဆင်းတွေ့ဆုံပွဲသို့ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး တိုင်း မန်နေဂျာ၊ တိုင်းမြေစာရင်းဦးစီးမှူး၊ တိုင်းစိုက်ပျိုးရေးမန်နေဂျာ၊ တိုင်းပညာ ရေးမှူး၊ တိုင်းကျန်းမာရေးဦးစီးမှူး၊ ခရိုင်နှင့်မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌများ၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဧရာပုသိမ် ဆန်စပါးအထူးပြု ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာနဲ့ ဒါရိုက်တာ အစုရှယ်ယာရှင်များ၊ ဥတိုကြီး ကျေးရွာမှ တောင်သူများ စုစုပေါင်း ၁၂၂ ဦး တက်ရောက်ခဲ့ပါတယ်။ ကွင်းဆင်းတွေ့ဆုံပွဲမှ ဥတိုကြီး ကျေးရွာမှ တောင်သူ ဦးတင်စိန်မှ ဥတိုကြီးကျေးရွာ တစ်ဘက်ကမ်းရှိ မိမိပိုင် လယ်ကွက်တွင် ယခင်လကပင် အဝီစိ တွင်းတူး၍ နွေစပါးစိုက်ပျိုးခဲ့ ကြောင်း၊ ယခုအခါ ဧကတိုးခဲျ့စိုက်ပျိုး လိုသော်လည်း ရေအခက်အခဲရှိနေ၍ ရေသွယ်မြောင်း ဖောက်လုပ် ပေးစေလို ကြောင်း တင်ပြရာ တိုင်းမှူးမှ တူးဖော် ပေးရမယ့် တူးမြောင်းတည်နေရာနဲ့ အရှည်အား မေးမြန်းကာ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့တယ် လို့ သိရပါတယ်။ စောမိုက်ကယ်
Background