Main menu

Background

အရောင်းအဝယ်သွက်လာတဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲတီစိမ်း

Mon, 12/06/2010 - 07:26 -- Anonymous (not verified)

အရောင်းအဝယ်သွက်လာတဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲတီစိမ်း              မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းများ နယ်စုံကဝင်ရောက်လျက်ရှိပါတယ်။ နိုဝင်ဘာနောက်ဆုံးပတ်က ပဲတီစိမ်း တစ်တင်း ၂၃ဝဝဝ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပြီး ယခုဒီဇင်ဘာလဆန်းမှ စပြီး ပဲတီစိမ်းတစ်တင်းကို ၂၄ဝဝဝ ကျပ်၊  ၂၅ဝဝဝ ကျပ်တို့ဖြင့် ဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။ တရုတ်ကြိုက်ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေး ဝယ်လက်များ အပြိုင် ဝယ်ယူမှုရှိခဲ့တာကြောင့် ကုန်စည်ဒိုင်များအတွင်း နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ရာ မကွေးကုန်စည်ဒိုင်တွင် တစ်ရက်ပျမ်းမျှအိတ် ၂ဝဝ မှ ၃ဝဝ ကြား၊ ပခုက္ကူကုန်စည်ဒိုင်တွင် အိတ် ၁ဝဝ-၂ဝဝ ကြား၊ အောင်လံကုန်စည်ဒိုင်တွင် အိတ် ၅ဝဝ မှ အိတ် ၁ဝဝဝ ကြား ရှိခဲ့ကြောင်း သိရပါတယ်။ တင်ပို့မှုများအနေနဲ့ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း အောင်လံမှ ရန်ကုန်သို့ ၁၃ဝဝ အိတ်၊ ချောက်မှ ရန်ကုန်သို့ ၅၃ဝဝ အိတ်၊ ချောက်မှ မန္တလေးသို့ ၁၄ဝဝ အိတ် ပခုက္ကူမှ မန္တလေးသို့ ၃၄၁ အိတ်၊ ပခုက္ကူမှ ရန်ကုန်သို့ အိတ် ၁၇၅ဝ ၊ မကွေးမှ ရန်ကုန်သို့ ၁၅ဝဝ အိတ်တို့ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ တင်တင်လှ