Main menu

Background

ပုံမှန်အရောင်းအဝယ်ရှိပေမဲ့ ဈေးအေးတဲ့ ပြည်ကုလားပဲ

Mon, 12/06/2010 - 07:39 -- Anonymous (not verified)

 ပုံမှန်အရောင်းအဝယ်ရှိပေမဲ့ ဈေးအေးတဲ့ ပြည်ကုလားပဲ              ပြည်ဈေးကွက်ရဲ့ ကုလားပဲဈေးမှာ နိုဝင်ဘာနောက်ဆုံးပတ်က တစ်တင်း ၂၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ရှိပြီး ဒီဇင်ဘာလ ပထမပတ်မှာ တစ်တင်း ၂၃၂ဝဝ ကျပ်သို့ ဈေးအေးလာပါတယ်။ မိုျးသမားနဲ့ လိုင်းသမားတို့ အဝယ် မရှိတော့ဘဲ ပဲခွဲစက်သမားများသာ ပုံမှန်အဝယ်ရှိပြီး မန္တလေးမှ ပြည်သို့ ကုလားပဲများ ဝင်ရောက်လာတဲ့အတွက် ဈေးကျခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အခြားတိုင်း သို့ တင်ပို့ရောင်းချမှုမရှိပဲ ဒေသတွင်း ခွဲစက်သမားများသာ အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း