Main menu

Background

ဈေးအမြင့်မှာ ဝယ်ယူမှုနည်းလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ

Mon, 12/06/2010 - 07:43 -- Anonymous (not verified)

ဈေးအမြင့်မှာ ဝယ်ယူမှုနည်းလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ                    အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ လက်လီဆိုင်များနဲ့ ပဲခွဲစက်များက ဈေးအမြင့်နဲ့ ဝယ်ယူဖို့ စိတ်ဝင်စားမှုနည်းတာကြောင့် နိုဝင်ဘာလ ၃ဝ ရက်မှာ လက်ငင်းရော၊ ကြိုပွိုင့်ဈေးပါ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ကုလား ပဲ လက်ငင်းဈေးမှာ တစ်တန်ကို ရူပီး ၂၄ဝဝဝ- ၂၄၁ဝဝ (ကန်ဒေါ်လာ ၅၂၄- ၅၂၆) ကို ကျဆင်းခဲ့သလို ဒီဇင်ဘာလ စာချုပ်ဈေးကလည်း ရူပီး ၄ဝဝ ကျဆင်းပြီး တစ်တန်ကို ရူပီး ၂၅၁၁ဝ (ကန်ဒေါ်လာ၅၄၈) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ယခုဈေးကျခြင်းဟာ ယာယီမျှသာဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဘာကြောင့်လည်းဆိုရင် မဒ္ဒရာပရာဒေ့ရှ်မှာ ကုလားပဲလက်ကျန်က ၇၅ ရာခိုင်နှုန်းနီးပါး ထုတ်ရောင်းပြီးပြီဖြစ်တဲ့အပြင် မဒ္ဒရာပရာဒေ့ရှ်နဲ့ ဆက်စပ်ဒေသ များမှာ ရာသီမဟုတ်တဲ့ မိုးရွာသွန်းခြင်းက ပဲအသစ်ဝင်ရောက်မှုကို တစ်လခန့် နောက်ကျမယ်ဆိုတဲ့ အချက်တွေက ကုလားပဲဈေးနှုန်းမြင့်တက်စေမယ့် အကြောင်းရင်းတွေပါလို့ ဆိုပါတယ်။ ဒါ့အပြင် ကုန်သည်များက လာမယ့် ၅ ရက်- ၆ ရက်မှာ သိုလှောင်ဖို့ ဝယ်ယူနိုင်ခြင်းကလည်း ဈေးကို မြင့်တက်စေနိုင်ပါတယ်လို့ ဆိုပါတယ်။     ယမင်းခင်၊်Sources: P T I