Main menu

Background

လက်ကျန်မရှိတော့ပေမယ့် ဈေးအမြင့်နဲ့ ဈေးဖွင့်တဲ့ ပြည်ထောပတ်

Mon, 12/06/2010 - 07:59 -- Anonymous (not verified)

လက်ကျန်မရှိတော့ပေမယ့် ဈေးအမြင့်နဲ့ ဈေးဖွင့်တဲ့ ပြည်ထောပတ်                  ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း ဆောင်းသီးနံှ ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနံှကိုလည်း ယခုဒီဇင်ဘာလဆန်းပိုင်းအထိ ဧက ၃ဝဝဝ ကျော်စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးအတွင်း လက်ပံတန်း၊ ရွှေတောင်၊ ပန်းတောင်းမြို့နယ်များမှာ အများဆုံး စိုက်ပျိုးကြပါတယ်။ ယခုနှစ် ပဲလက်ကျန်ပြတ်ချိန်မှာ ဈေးအမြင့်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ဈေးကွက်အတွင်း လက်ကျန်မရှိတော့ပေမယ့် တစ်တင်းကို ၃ဝဝဝဝ ကျပ်ဖြင့် ပြည်ဈေးကွက်မှာ ဈေးဖွင့်ထားတယ်လို့ သိရပါတယ်။                                                                                         ခင်ဆွေဝင်း