Main menu

Background

ပြည်ဈေးကွက်အတွင်းသို့ ဘိုကိတ်ပဲများ လှိုင်လှိုင်ပေါ်

Mon, 12/06/2010 - 08:11 -- Anonymous (not verified)

ပြည်ဈေးကွက်အတွင်းသို့ ဘိုကိတ်ပဲများ လှိုင်လှိုင်ပေါ်           ပြည်ဈေးကွက်အတွင်းသို့ ဘိုကိတ်ပဲသစ်များ အခြားတိုင်းမှဝင်ရောက်လျက်ရှိပါတယ်။ ဈေးကွက်အတွင်းသို့ အောင်လံ၊ သရက်မြို့နယ်များမှ ကုန်းလမ်းဖြင့် အဝင်ရှိသလို ရေလမ်းမှလည်း ဝင်ရောက်လျက်ရှိကြောင်း သိရပါ တယ်။ တစ်နေ့လျှင် အိတ် ၄ဝ မှ ၅ဝ အတွင်းရှိခဲ့ပါတယ်။ ဈေးကွက်အတွင်းသို့ ဘိုကိတ်ပဲသစ်များ လှိုင်လှိုင်ဝင်လာတဲ့ အတွက် ဘိုကိတ်မှာ ယခင်တစ်ပတ်ထက် အနည်းငယ်ဈေးလျော့ကာ ပိဿာ ၂ဝ တစ်တင်းလျှင် ၂ဝဝဝဝ ကျပ်ဖြင့် သာ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါသည်။                                                                                              ဆုမွန်ဆွေ