Main menu

Background

အများပြည်သူ ဖြန့်ဝေရေးစနစ်အတွက် အိန္ဒိယအစိုးရက ပဲပိုမိုတင်သွင်းရဖွယ်ရ

Mon, 12/06/2010 - 08:34 -- Anonymous (not verified)

 အများပြည်သူ ဖြန့်ဝေရေးစနစ်အတွက် အိန္ဒိယအစိုးရက ပဲပိုမိုတင်သွင်းရဖွယ်ရ               ယခုနှစ် မိုးသီးနံှအထွက်ကောင်းပြီး ဆောင်းပဲစိုက်ဧရိယာမြင့်တက်တာကြောင့် ၂ဝ၁ဝ-၂ဝ၁၁ သီးနံှ ဈေးကွက် ရာသီအတွင်း အိန္ဒိယပဲမျိုးစုံ ထွက်ရှိမှုမြင့်တက်မယ်လို့ မျှော်လင့်နေကြတဲ့တိုင် အိန္ဒိယအစိုးရက ပဲတင်သွင်းမှုကို အစောပိုင်း က တန်ချိန် ၆ သိန်းတင်သွင်းဖို့ ရည်မှန်းထားရာမှ တန်ချိန် ၃ သိန်းပိုမိုပြီး ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်တိုင်အောင် တန်ချိန် ၉ သိန်းဝန်းကျင် တင်သွင်းရလိမ့်မယ်လို့ ဆိုပါတယ်။ အပိုဆောင်းတင်သွင်းမှုဟာ ပြည်နယ်အစိုးရများနဲ့ လျှော့ဈေးနဲ့ ရောင်းချတဲ့ အစီအစဉ်အရ သက်သာတဲ့နှုန်းနဲ့ ဖြန့်ဝေပေးတဲ့ အစိုးရအတွက် အထောက်အပံ့ဖြစ်စေလိမ့် မယ်လို့ ဆိုပါတယ်။               ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလမှာ အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်များက တင်သွင်လာတဲ့ ပဲများကို အများပြည်သူ ဖြန့်ဝေရေး စနစ် (PDS)နဲ့ ပဲတစ်ကီလိုကို ရူပီး ၁ဝ လျှော့ဈေးနဲ့ ဖြန့်ဖြူးတဲ့ ပြည်နယ်အစိုးရများကို ရောင်းချပေးဖို့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ၂ဝဝ၉ -၂ဝ၁ဝ အတွင်း အစိုးရအေဂျင်စီများဖြစ်တဲ့ PEC ၊ MMTC ၊ STC နဲ့ NCCF တို့ဟာ ပြည်နယ် ၉ ခုကို တင်သွင်းပဲများရောင်းချပေးခဲ့ပါတယ်။            အိန္ဒိယနိုင်ငံဟာ နှစ်စဉ်လိုအပ်ချက်ကို ပြည်ပမှ တင်သွင်းနေရတာကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ပဲမိုျးစုံထုတ်လုပ်မှု မြင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မိုးပုံမှန်မဟုတ်ခြင်းက ပဲအထွက်ကို သိသိသာသာ တိုးတက်မှု မဖြစ်စေခဲ့ပါဘူး ။ ဒါကြောင့် အစိုးရဟာ စိုက်ဧရိယာများတိုးမြင့်ခြင်းဖြင့် ပဲမိုျးစုံထုတ်လုပ်မှုမြင့်တင်ဖို့ နိုင်ငံတော် စားနပ် ရိက္ခာ ဖူလုံရေးအဖွဲ့ အပါအဝင် အစီအစဉ်များစွာဆောင်ရွက်ခဲ့ပါတယ်။             ၂ဝ၁ဝ-၂ဝ၁၁ မိုးရာသီအတွက်ရော ဆောင်းသီးနံှအတွက်ပါ ပဲမိုျးစုံအနိမ့်ဆုံး ဈေးနှုန်းများ တိုးမြင့်ပေးတဲ့ အပြင် ပြည်နယ်ဝယ်ယူရေး အေဂျင်စီများကို ပဲရောင်းချဖို့လည်း မက်လုံးများပေးပြီး ဆွဲဆောင်ခဲ့ပါတယ်။ မကြာသေးခင်က Nafed အပြင်NCCF  နဲ့ CWC  တို့ကိုလည်း အစိုးရရဲ့ ဈေးနှုန်းထောက်ပံ့မှုအစီအစဉ် ( PSS ) အရ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများ ဝယ်ယူစေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အစိုးရဟာ ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်မှာ ကုန်ဆုံးမယ့် ပဲမျိုးစုံတင်ပို့မှု ပိတ်ပင်ခြင်းကို သက်တမ်းတိုးဖို့ စီစဉ်နေတဲ့အပြင် ပဲမျိုးစုံတင်သွင်းခွန် ကင်းလွတ်ခြင်းကိုလည်း သတ်မှတ်ရက်ထက် ကျော်လွန်တဲ့အထိ ခွင့်ပြုသွားမယ်လို့ သိရပါတယ်။                                                             ယမင်းးခင်၊Sources: Financial Express