Main menu

Background

အိန္ဒိယမိုးသီးနံှရိတ်သိမ်းမှု နှောင့်နှေးလို့ ဆောင်းသီးနံှစိုက်ပျိုးမှုကျဆင်း

Mon, 12/06/2010 - 08:38 -- Anonymous (not verified)

 အိန္ဒိယမိုးသီးနံှရိတ်သိမ်းမှု နှောင့်နှေးလို့ ဆောင်းသီးနံှစိုက်ပျိုးမှုကျဆင်း             မိုးရာသီအကုန်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး ရေလွှမ်းမိုးမှု တွေကြောင့် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် မှာရှိတဲ့ လယ်သမားများဟာ ဆောင်းသီးနံှစိုက်ပျိုးမှု ကျဆင်းခြင်းနဲ့ ရင်ဆိုင်နေရပါတယ်။ နိုဝင်ဘာလ ၂၄ ရက်မှ စပါးစိုက်ပျိုးမှုဟက်တာ ဝ ဒသမ ၈၉ သိန်းသာရှိတာကြောင့် ပျမ်းမျှ စိုက်ပျိုးမှု ဟက်တာ ၁ ဒသမ ၁၆ သိန်းထက် ကျဆင်းနေသလို သီးနံှ စိုက်ပျိုးမှုဟာ ပျမ်းမျှစိုက်ဧရိယာ ဟက်တာ ၂ ဒသမ ၅၆ သိန်းထက် ၇၂ ရာခိုင်နှုန်း ကျဆင်းပြီး ဟက်တာ ၁ ဒသမ ၈၄ သိန်းသာရှိတယ်လို့ သိရပါတယ်။           စားသောက်ကုန် အခြေခံသီးနံှစိုက်ပျိုးမှုကလည်း လက်ရှိအချိန်ထိ ပျမ်းမျှစိုက်ပျိုးမှု ဟက်တာ ၉ ဒသမ ၉၁ သိန်းထက် ကျဆင်းပြီး ဟက်တာ ၉ ဒသမ ၃၉ သိန်းရှိပြီလို့ သိရပါတယ်။ ဆီထွက်သီးနံှနဲ့ ဆေးရွက်ကြီးတို့လို စီးပွားဖြစ်သီးနံှများ အပါအဝင် သီးနံှများရဲ့ ယခုရာသီပျမ်းမျှစိုက်ဧရိယာဟာ ဟက်တာ ၃၆ ဒသမ ၂၆ သိန်းရှိပြီး နိုဝင်ဘာလ ၂၄ ရက်မှာ ပျမ်းမျှ စိုက်ဧရိယာရဲ့ သုံးပုံတစ်ပုံ (ဟက်တာ ၁၃ သိန်း) စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။           နိုင်ငံရဲ့ ဒေသတော်တော်များများမှာ မိုးရွာသွန်းခြင်းနဲ့ ရေလွှမ်းမိုးမှုတွေကြောင့် မိုးသီးနံှရိတ်သိမ်းမှု နှောင့်နှေးခဲ့တဲ့အတွက် ဆောင်းသီးနံှ စိုက်ပျိုးမှု ကျဆင်းနေခြင်းဖြစ်ပါတယ်လို့ စိုက်ပျိုးရေးဌာနမှ ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားပါတယ်။ မိုးသီးနံှဧရိယာများ ပျက်စီးမှုရှိ သလို အစောပိုင်းစိုက် ဆောင်းသီးနံှများလည်း ဆုံးရှုံးမှုရှိပေမဲ့ ယခုနှစ် ဆောင်းသီးနံှကတော့ အမြောက်အမြားထွက်ရှိမယ်လို့ မျှော်လင့်ထားကြောင်း လည်း၎င်းကဆက်လက် ပြောကြားပါတယ်။        ယမင်းခင်၊ှSources: business line