Main menu

Background

ရေနံဈေး ၁ဝဝ ရောက်မှာလား

Mon, 12/06/2010 - 08:58 -- Anonymous (not verified)

 ရေနံဈေး ၁ဝဝ ရောက်မှာလား                 သုံးသပ်သူများက ရေနံစိမ်းဈေး ၁ဝဝ ဒေါ်လာကို ရောက်လာမလားလို့ စိုးရိမ်ကြပါတယ်။ နယူးယောက် ဈေး ကွက်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့က ဈေးတက်ခဲ့တဲ့ နှုန်းထား ၁၄ရာခိုင်နှုန်း မျိုးနဲ့ဆိုရင် လာမဲ့ ၂ဝ၁၁ ဒီဇင်ဘာလ မှာ တစ်စည်ကို ၁ဝဝ လောက်ထိတက် သွားမယ်လို့ ပြောဆိုလာကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ကိန်း ဂဏန်းတွေအရ ဟောကိန်းထုတ်သူများ က ၂ဝဝ၉ အကုန်မှာ တစ်စည်ကို ၈၅ ဒေါ်လာဖြစ်နိုင်ပြီး ၂ဝ၁ဝ အတွင်း ၁ဝဝ ဒေါ်လာနဲ့ အရောင်းအဝယ်လုပ်ကြမယ်လို့ ဟောကိန်းထုတ်ခဲ့ကြပါတယ်။ ရေနံစိမ်းဈေးနှုန်းက ၂ဝဝ၈ ခုနှစ် ဇူလိုင် ၁၁ ရက်က အမြင့်ဆုံး တစ်စည်ကို ကန်ဒေါ်လာ ၁၄၇ ဒသမ ၂၇ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး နောက် ယခုလိုပြန်ကျဆင်းခဲ့ခြင်း ဖြစ်ပါတယ်။                 လက်ရှိဈေးကွက်အတွင်း ရေနံအရောင်းအဝယ်ပြုကြရာမှာ တရုတ်နိုင်ငံရဲ့ အမျိုးသားငွေကြေး ရန်ပုံငွေဖြည့်တင်းဖို့ တွန်းအားပေးအစီအမံနဲ့ ဥရောပငွေကြေး ခိုင်မာမှုတွေအပေါ်မှာ တည်မှီနေသလို ကမ္ဘာ့ရေနံစိမ်းစွမ်းအင်သုံးစွဲမှု အမြင့်မားဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံက တစ်နေ့ကို စည်ပေါင်း ၉ ဒသမ ၆ သန်းခန့်နဲ့ ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးမြင့်သုံး စွဲလာနိုင်ဖွယ်ရှိသလို အမေရိကန်နိုင်ငံကလည်း တစ်နေ့ကို စည်ပေါင်း ၁၉ဒသမ ၁သန်း သုည ဒသမ ၂ ရာခိုင်နှုန်းခန့် တိုး သုံးစွဲ နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီက သုံးသပ်ခဲ့ပါတယ်။ လာမဲ့ ၂ဝ၁၁မှာ ဝယ်လိုအားတွေတိုးလာရင် စွမ်းအင်ဈေးကွက်ရဲ့ စီးပွားရေးအတွေးအမြင် ပုံရိပ်အနေနဲ့ ရေနံစိမ်းဝယ်လိုအား အလားအလာက အပေါင်းလက္ခဏာ အသွင် ဆောင်နေကြောင်း Grant Smith က ပြောပါတယ်။                                              Source:bloomberg.com, WWN