Main menu

Background

စိန်ဈေးနှုန်းများ ကျဆင်းလာဖွယ်ရှိနေ

Mon, 12/06/2010 - 09:00 -- Anonymous (not verified)

စိန်ဈေးနှုန်းများ ကျဆင်းလာဖွယ်ရှိနေ                  ယခုအခါတွင် မင်္ဂလာဆောင် ရာသီသို့ရောက်ရှိနေသော်လည်း အရောင်းအဝယ်များ အေးနေခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း၊ အမေရိကန်ဒေါ်လာဈေးနှုန်းများ ကျဆင်းလာသောကြောင့် စိန် ဈေးနှုန်းများ ယခုထက်ပိုမို၍ ကျဆင်း လာနိုင်ကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်က ပြောကြားသည်။                ''ဒီနှစ်မင်္ဂလာဆောင်ရာသီက မင်္ဂလာမဆောင်ကြတော့ဘူးလားလို့ မေးရ မလိုကို ဖြစ်နေတယ်။ ဆိုင်တွေက အ ရောင်းအဝယ်မကောင်းတော့ အပ်ထည် တွေကလည်း အရမ်းနည်းသွားတယ်။ မနှစ်ကလောက် ဝယ်အားမရှိတော့ဘူး။ ဈေးကွက်က အကုန်လုံးစောင့်ကြည့်နေ ရတဲ့အခြေအနေဖြစ်သွားတယ်။ ဈေးကျ လာရင်တော့ ဈေးကွက်ပြန်ကောင်းမယ် လို့မျှော်လင့်ရတာပဲ။ အခုထိတော့ ဈေးကွက်ကအေးစက်နေတယ်။ ဆိုင်သမား တွေ အကုန်လုံးယပ်တောင်ခပ်ပြီးတော့ ကို ထိုင်နေရတယ်။ ဒီလောက်အထိကို အေးနေတာ''ဟုဦးရွှေကြည်ကပြောသည်။ ပြည်တွင်းဈေးကွက်တွင် ငွေဈေး ကျဆင်းမှုကြောင့် စိန်ဈေးကျဆင်းလာ နိုင်သော်လည်း ပြည်ပဈေးကွက်ဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံများတွင်မူ ဝယ်လိုအားမြင့်မားနေမှုကြောင့် ဈေးနှုန်းများ ငြိမ်လျက်ရှိကြောင်းနှင့် ပြည်တွင်းဈေးကွက်တွင်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် စီးပွားရေးလုပ်ငန်းများကောင်းမွန်လာပါက စိန်ဈေးကွက်မှာလည်း ပြန်လည်၍ ကောင်းမွန်လာနိုင်ကြောင်းသိရသည်။ မင်းသန့််