Main menu

Background

ရန်ကုန်ဈေးကွက် မန ္တလေးရွှေ အဝင်မရှိ

Mon, 12/06/2010 - 09:13 -- Anonymous (not verified)

 ရန်ကုန်ဈေးကွက် မန ္တလေးရွှေ အဝင်မရှိ                      ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလဆန်းအထိ မန္တလေးဘက်မှ အခေါက်ရွှေများ ရန်ကုန်ဈေးကွက်သို့ အဝင်မရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်းမှ သိရသည်။                         ''ဒီအပတ် ရန်ကုန်ဈေးကွက်ထဲမှာ အခေါက်ရွှေတွေကိုက်နေတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးတက်သလောက် ပြည်တွင်းရွှေဈေးက လိုက်မတက်နိုင်ဘူး၊ လောလောဆယ် ကမ္ဘာ့ဈေးရဲ့အောက်မှာပဲ ရှိနေတယ်၊ ကမ္ဘာ့ရွှေပေါက်ဈေးနဲ့ ယှဉ်ရင် ရန်ကုန်ရွှေပေါက်ဈေးက တစ်ကျပ်သားကို ကျပ် ၁ဝဝဝဝ ဝန်းကျင်လောက်နိမ့်တယ်၊ အရပ်ဝယ်လက်တွေ ထုတ်ရောင်းတာများလာတယ်၊ ငွေလိုလို့ ထုတ်ရောင်းတာ ဆိုတော့ လက်ရှိပေါက်ဈေးထက် ခွာပြီးရောင်းကြတာတွေ့ရတယ်'' ဟု ယင်းအသင်း မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ဒီဇင်ဘာ ၁ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၆၆၆၅ဝဝ- ၆၆၇ဝဝဝ)ကျပ်၊ ဒီဇင်ဘာ ၂ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင်(၆၆၆ဝဝဝ- ၆၆၇၇ဝဝ)ကျပ် ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင်(၁၃၉၁-၁၃၉၃ ဒေါ်လာ) ဖြစ်သည်။                                                                                                                             ခင်မျိုးသွယ်