Main menu

Background

ကိုရီးယားကျွန်းဆွယ် တင်းမာနေ၍ အဖိုးတန် သတ္တုဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ

Mon, 12/06/2010 - 09:18 -- Anonymous (not verified)

 ကိုရီးယားကျွန်းဆွယ် တင်းမာနေ၍ အဖိုးတန် သတ္တုဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ              ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးနဲ့ နိုင်ငံရေး တင်းမာလာပြီး အမေရိကန် ဒေါ်လာတန်ဖိုးမြင့်မားသွားကာ ရွှေဝယ် လိုအား လျော့နည်းသွားခဲ့ပါတယ်။ ဒါကြောင့် ဂျပန်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့ခင်း ၂း၄၇ နာရီက ချက်ချင်းအရောက်ပို့ ရွှေဈေးနှုန်းက တစ်အောင်စကို ၁၃၆၁ ဒသမ ၈၅ ဒေါ်လာမှ ၁၃၅၃ ဒသမ ၃ဝ ဒေါ်လာ အထိ သုည ဒသမ ၈ ရာခိုင်နှုန်းဈေး ကျသွားကာ နိုဝင်ဘာလ ၉ ရက်နေ့က ရွှေဈေးနှုန်းက တစ်အောင်စကို ၁၄၂၄ ဒသမ ၆ဝ အထိ စံချိန်တင်မြင့်မားခဲ့ တယ်။ ရွှေသာမက ငွေ၊ ပလာဒီယမ်နဲ့ ပလက်တီနမ် သတ္တုဈေးနှုန်းများလည်း ကျဆင်းသွားကြောင်း၊ ငွေဈေးနှုန်းမှာ သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းကာ တစ်အောင်စကို ၂၆ဒသမ ၆၄ဒေါ်လာ ဖြစ်လာကြောင်းသိရပါတယ်။ ငွေဈေး နှုန်းက နိုဝင်ဘာလ ၉ ရက်နေ့က တစ်အောင်စကို ၂၉ ဒသမ ၃၆ ဒေါ်လာ အထိ ရောက်ရှိခဲ့ရာ ၁၉၈ဝ မတ်လ နောက်ပိုင်းအမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ ပလာဒီယမ်မှာ ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တစ်အောင်စကို ၆၇၃ ဒေါ်လာဖြစ်လာကြောင်း၊ ပလက်တီနမ် သတ္တုမှာ သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းကာ တစ်အောင်စကို ၁၆၄၃ဒသမ ၅ဝဒေါ်လာဖြစ်လာကြောင်း၊ပလာဒီယမ် နဲ့ ပလက်တီနမ်ကို လက်ဝတ်ရတနာနဲ့ ကားများတွင် လေထုညစ်ညမ်းမှု ထိန်းချုပ် ကိရိယာများအဖြစ် အသုံးပြုကြောင်း သိရပါတယ်။ Source:bloomberg.com,ပပ