ဓာတ်မြေသြဇာအဝင်ဆက် ပင်လယ်ရေကြောင်းလမ်းကနေ နိုဝင်ဘာ ၂၂ ရက်မှ ၂၉ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၂ဝ၁၁ ဒသမ ၃၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၃၃၈၃၁ ဒသမ ၉၂ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ တင်သွင်းနေကျနိုင်ငံများအပြင် ရုရှားနိုင်ငံဘက်ကပါ တင်သွင်းလာတာ တွေ့ရပါတယ်။ စင်ကာပူနိုင်ငံဘက်မှ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ၃၄ဝ ၊ အာရပ်စော် ဘွားများပြည်ထောင်စုနိုင်ငံမှ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ၄ဝ ၊ ဗီယက်နမ် နိုင်ငံမှ သြဂဲနစ်ဓာတ်မြေသြဇာ ၄၇၁ ဒသမ ၅ဝ တန်၊ ထိုင်းနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာ ၈၅၁ ဒသမ ၈၉ တန်နဲ့ ရုရှားနိုင်ငံမှ အာမိုမြေသြဇာ ၃ဝ၈ တန်ချိန်တို့ကို တင်သွင်း လာခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အဝင်နဲ့ ကြည့်မယ်ဆိုရင် တန်ချိန် ၂၆ဝ ကျော်အဝင်ပိုခဲ့သလို မြေဆီအဝင်တွေက မိုးတွင်းကာလတွေနဲ့မတူဘဲ ဆက်တိုက် အင်အားကောင်းလျက်ရှိတာ တွေ့ရပါတယ်။ MIRT (DOT) မူဆယ်ဘက်က အသွင်းပိုတဲ့ ဓာတ်မြေသြဇာ နိုဝင်ဘာလ ၂၄ရက်မှ ၃ဝ ရက်ထိကာလအတွင်း မူဆယ်၊ တာချီလိတ်၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ်စန်းများမှ ၁၁၁၂၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၃၆ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၉၇၈၆ တန်သာတင် သွင်းခဲ့တဲ့အတွက် ၁၃၄ဝ တန်ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်စခန်း အလိုက် ဓာတ်မြေသြဇာတန်ချိန်တွေကတော့ မူဆယ်မှ ၁ဝ၆၃၇ တန်၊ ရိဒ်မှ တန်ချိန် ၂၃၉ ကျော်၊ ကော့သောင်းမှတန် ၁၉ဝ ကျော်နဲ့ တာချီလိတ်မှ တန် ၆ဝ နီးပါး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ တန်ချိန် ၁၃ဝဝ ကျော် တင်သွင်းမှုပိုမိုခဲ့တယ်လို့ သိရပါတယ်။ မူဆယ်ကနေ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့Urea Fertlizer, Compound Seed နဲ့ Single Super Phosphate တို့ဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂ဝ၇ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂၁ဝဝဝ တီစူပါ(သံကွင်း-တရုတ်) ၂၂ဝဝဝ တီစူပါ(မျှား-တရုတ်) ၂၁၈ဝဝ ပိုတက်(ကနေဒါ) ၂၂ဝဝဝ ပိုတက်(အိန္ဒိယ) ၂၂ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၁၇၈ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၁၈၂ဝဝ တီဆူပါ GTSP 46% ၁၉၇ဝဝ တီဆူပါGSSP 16% ၈၄ဝဝ တီဆူပါGSSP 12% ၇၈ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၅၅ဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၂ဝဝဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ကုလားအုတ် (တရုတ်) ၂ဝဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉ဝဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉ဝဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉ဝဝဝ တီဆူပါ-(တရုတ်) 12% ၉ဝဝဝ တီဆူပါ-(တရုတ်) 16% ၉၅ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၇ဝဝဝ တီဆူပါ 10:10:5 (တရုတ်) ၁၂၇ဝဝ ပိုတက်(တရုတ်) ၂၁၅ဝဝ ဓာတ်ဆား(တရုတ်) ၁၃ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၁ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၁ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၁၅ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၄၁ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၇ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၄ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၂ဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၁၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၂ဝဝဝMIRT (MAPT)
Background