ဘိလပ်မြေ ဆက်အဝင်ကောင်း ပင်လယ်ရေကြောင်းကနေ နိုဝင်ဘာပထမအပတ်အတွင်း ဘိလပ်မြေတန်ချိန် ၆၂၂ဝတန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ၅၂၉၉၂၅ ဒေါ်လာဖိုးတင်သွင်းခဲ့ပါတယ်။ ဖောက်သည်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဘက်က စီ-၁၅ဝ တန်ချိန်၅၅ဝ၊ စိန်တံဆိပ် တန်ချိန်၃၅ဝဝ၊TPI တံဆိပ် တန်ချိန် ၁ဝဝဝ နဲ့ ဆင်တံဆိပ်တန်ချိန် ၁ဝ၅ တန် စုစုပေါင်းတန်ချိန် ၅၁၅၅ တန်တို့ကိုတံဆိပ်အစုံနဲ့ ဈေးကွက်တိုးဝင် တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် တရုတ်(တိုင်ပေ)နိုင်ငံဘက်ကလည်း မောင်းတိန်းတံဆိပ် တန်ချိန် ၁ဝ၆၅ တန်ကို တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က ဘိလပ်မြေ အဝင် တန်ချိန်နှစ်သောင်းကျော်ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် တန်ချိန်ခြောက်ထောင် ကျော်သာရှိခဲ့တာကြောင့် ယခင်အပတ်ထက် အဝင်တန်ချိန်သုံးဆကျော် လျော့နည်း ခဲ့ပေမဲ့လည်း ရာသီပွင့်လင်းလာတာနဲ့အညီ အဝင်ပမာဏကလည်း အောက်တိုဘာ လကစလို့ တစ်ပတ်ကို ပျမ်းမျှတန်ချိန် တစ်သောင်းခုနှစ်ထောင်ကျော်ဝင်ခဲ့ပါတယ်။ MIRT (DOT)နယ်စပ်စခန်းများမှ ဘိလပ်မြေတင်သွင်းမှု တန်ချိန် ၆၄ဝဝ ကျော်ရှိ နိုဝင်ဘာလ ၂၄ ရက်မှ ၃ဝ ရက်အထိ ကာလအတွင်း နယ်စပ်စခန်းများမှ ဘိလပ်မြေ ၆၄၈၄ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၅၆၃သန်း ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၁၂၅၅ဝ တန် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်တင်သွင်းမှု ထက်ဝက်ကျော် လျော့ကျသွားတာတွေ့ရှိရပါတယ်။အခြား စခန်းများအနေနဲ့ တင်သွင်းမှုသိသိသာသာလျော့ကျခြင်းမရှိသော်လည်း ကန်ပိုက်တီး စခန်းမှ ယခုအပတ်တင်သွင်းမှု လျော့နည်းခဲ့၍သာဖြစ်ပါတယ်။ ယခင်အပတ်က ကန်ပိုက်တီးမှ ၉၄၃၂ တန် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်တင်သွင်းမှုက တန် ၇ဝဝဝ နီးပါး လျော့နည်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်စခန်းအလိုက် ဘိလပ်မြေ တင်သွင်းမှုများမှာ ကန်ပိုက်တီးမှ ၂၅ဝ၅ တန်၊ မြိတ်မှ ၁၅၂၅ တန်ခန့်၊ တာချီလိတ်မှ ၁၃၈၅ တန်၊ လွယ်ဂျယ်မှ တန် ၆ဝဝ၊ မူဆယ်မှ ၃ဝ၆တန်၊ ရိဒ်မှ၁၃၈ တန်ကျော်နဲ့ ကော့သောင်းမှ ၂၅ တန် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝဝဝ(လက်ကား) ဘိလပ်မြေ(နှင်းတောင်) ၅ဝဝဝ ဘိလပ်မြေ (စိန်) ၄၉ဝဝ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(AAA) ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၄ဝဝ ဘိလပ်မြေ (TPI)ထိုင်း ၆၁ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၁ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ (Lucky)ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၈၅ဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၈ဝဝMIRT (MAPT)
Background