ကလေးပဲပုပ်မန်းသို့ တိုက်ရိုက် စီးဆင်းနေ မုံရွာကုန်စည်ဒိုင်မှာ နိုဝင်ဘာလ ပဲပုပ်ဈေးမှာ တစ်တင်း ၁၄ဝဝဝ ကျပ်မှ ၁၅၃ဝဝ ကျပ်အတွင်းသာ ဈေးငြိမ် နေ ခဲ့ပြီး နယ်အဆွဲမရှိသလောက် နည်းပါး ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်း ပဲလက်လီသမားများ အဝယ်အသင့် အတင့်ရှိခဲ့ကာ ပဲဟောင်းလက်ကျန်သမားတွေ အနည်းငယ်ထုတ်ရောင်းမှု ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ယခုနှစ် ပဲပုပ်ဈေးကွက်ကို လေ့လာတဲ့ အခါ မတ်လအတွင်း တစ်တင်း ၁၇၅ဝဝ ကျပ်ထိ အမြင့်ဆုံး တက်ခဲ့ပြီး ဖေဖော်ဝါရီလထဲမှာ တစ်တင်း ၁၂ဝဝဝ ကျပ်ထိ အနိမ့်ဆုံးကျဆင်းခဲ့တာ တွေ့ရ ပါတယ်။ ကလေး၊ ကလေးဝ နယ်က ပဲပုပ်အများစုကတော့ မုံရွာ ကုန်စည်ဒိုင်ကို မဝင်ဘဲ မန္တလေးဈေးကွက် ဆီ တိုက်ရိုက်တင်ပို့ ရောင်းချခဲ့ကြရာ နိုဝင်ဘာလထဲမှာ တင်း ၁၇ဝဝ နီးပါး ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
Background