နိုဝင်ဘာလ ၂ဝရက်မှာကုန်ဆုံးတဲ့သီတင်းပတ်အတွင်း အိန္ဒိယ နိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ ယခင်တစ်ပတ်ကရှိတဲ့ ၁ဝ ဒသမ ၁၅ ရာခိုင်နှုန်းထက် လျော့ကျပြီး ၈ ဒသမ ၆ဝ ရာခိုင်နှုန်း ရှိလာတယ်လို့ သိရပါတယ်။ မိုးရာသီ သီးနံှများအတွက် မြင့်တက်ခြင်း နဲ့ ဝင်ရောက်မှုတိုးတက်လာတာကြောင့် ဈေးကျဆင်းခဲ့ပါတယ်။ ပဲ မိုျးစုံဈေးနှုန်းဟာ ၁ဝ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။မတ်ပဲဈေး ဆက်လက်ဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ပဲခွဲစက်များက ဝယ်ယူ မှုမရှိတဲ့အပြင် ဝင်ရောက်လာတဲ့ ပဲအသစ်များမှာ အရည်အသွေး နိမ့်ကျတာကြောင့် မတ်ပဲဈေးက ယခုတစ်ပတ်မှာလည်း ဆက်လက် ဆင်းလာခဲ့ပါတယ်။ အတ္တရာပရာဒေ့ရှ်က ပဲအသစ်များ ဒီဇင်ဘာလ လယ်မှာ ဈေးကွက်တွေကို ဝင်ရောက်တော့မယ့် အလားအလာရှိတဲ့ အပြင် ဥတ္တရာပရာဒေ့ရှ်၊ မဒ္ဒရာပရာဒေ့ရှ်၊ ဂူဂျာရက်နဲ့ ကာနာတာကာတို့မှ ပဲအသစ်တွေ ဝင်ရောက်လာတာကြောင့် ဈေးနှုန်းပိုမိုကျ ဆင်းလာတာဖြစ်ပါတယ်။ ဒါပေမဲ့ အရည်အသွေးကောင်း မတ်ပဲ များကို ပြည်ပက တင်သွင်းနေရခြင်းကတော့ ဈေးနှုန်းကျဆင်းမှုကို ကန့်သတ်စေနိုင်ပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြ ထားပါတယ်ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၂၇ .၁၁ .၁ဝ ၂၉ .၁၁ .၁ဝ ၃ဝ .၁၁ .၁ဝ ၁ .၁၂ .၁ဝမွန်ဘိုင်း ၉၁၃ ၉၁၉ ၉ဝ၂ ၈၉၇ဒေလီ ၉၁၃ ၉၁၁ ၉ဝ၇-၉၁၉ ၉ဝ၈ချန်နိုင်း ၉၆၂-၁၂ဝ၃ ၉၅ဝ-၁၂ဝ၁ ၉၅၂-၁၂ဝ၄ ၉၄၁-၁၁၉၃
Background