ပဲတီစိမ်း ဈေးတည်ငြိမ် အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ဝယ်လိုအား နည်းပါးတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းပြီး ဈေးငြိမ်နေပါတယ်။ မိုးရာသီ ပဲအထွက် မြင့်တက်မယ့် ခန့်မှန်းချက်နဲ့ ဆောင်းရာသီအခြေ အနေကောင်းခြင်းက ဈေးနှုန်းကို ကျဆင်းစေနိုင်ပါတယ်။ ဒါပေမဲ့ ဝင်ရောက်လာတဲ့ပဲများက အရည်အသွေးနိမ့် ပြဿာနာများနဲ့ နိုင်ငံတကာ ဈေးကြီးမြင့်နေခြင်းတို့က ဈေးနှုန်းကျဆင်းမှုကို ကန့်သတ် စေနိုင်ပါတယ်။ ပဲအသစ် အရည်အသွေးနိမ့်ခြင်းနဲ့ ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် လာမယ့်ရက်များမှာလည်း ဈေးငြိမ်နိုင်တယ် လို့ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ် ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၂၇ .၁၁ .၁ဝ ၂၉ .၁၁ .၁ဝ ၃ဝ .၁၁ .၁ဝ ၁ .၁၂ .၁ဝချန်နိုင်း(ပဲတီရွှေဝါ) ၉၈၄ ၉၉၃ ၉၈၈ ၉၉၆ဒေလီ ၉၈၄ ၉၈၂ ၉၅၆ ၉၆၃-၁ဝ၂၈အင်ဒိုရီ ၈၉၇ ၈၉၅ ၉၁၂ ၈၇၅-၈၉၇
Background