အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနက သကြားဖြူတင်သွင်းခွန် ဖယ်ရှားဖို့စီစဉ် အင်ဒိုနီးရှားအစိုးရဟာ ပြည်တွင်းအချိုရည်ထုတ်လုပ်သူများ ကုန်ကျစရိတ်သက်သာစေဖို့ သကြားဖြူ တင်သွင်းခွန်ကို ဖယ်ရှားပေးဖို့ စီစဉ်နေတယ် လို့ ကုန်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းကုန်သွယ်ရေး ညွှန်ကြားရေး မှူးချုပ် Subagyo က ပြောကြားပါတယ်။ အခွန်ဖယ်ရှားဖို့နဲ့ပတ်သက်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ အကြံပြုချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ မေလက သကြားဖြူတင်သွင်းခွန်ကို တစ်ကီလို ရူပြား ၇၉ဝ (တစ်တန်ကို ကန်ဒေါ်လာ ၈၇ ဒသမ ၅၈ )နဲ့ အင်ဒိုနီးရှားအစိုးရက ပြန်လည်လက်ခံခဲ့တာ ဖြစ်ပါတယ်။ သကြားထုတ်လုပ်မှုလျော့ကျမယ့် အရိပ်အယောင်ကြောင့် ၂ဝ၁၁ ခုနှစ် အစောပိုင်းမှာ စားသုံးဖို့ သကြားဖြူတန်ချိန် ၄၅ဝဝဝဝ တင်သွင်းဖို့ စက်တင်ဘာလအတွင်းက ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဈေးကွက်မှာ သကြားဈေးက အလွန်အမင်း မြင့်တက်နေတာကြောင့် အခုချိန်ထိ ဝယ်ယူရခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ယမင်းခင်၊Source: Internet
Background