Main menu

Background

ပင်လယ်ကမ်းခြေမှ Grouper ကျောက်ငါး ပို့ကုန်ဈေးကွက်

Wed, 12/08/2010 - 04:53 -- Anonymous (not verified)

 ပင်လယ်ကမ်းခြေမှ Grouper ကျောက်ငါး ပို့ကုန်ဈေးကွက်              ဧရာဝတီတိုင်းဒေသကြီး၊ ပင်လယ်ပိုင်းဒေသများမှ ပြည်ပဈေးကွက်ဝင် ကျောက်ငါးအရှင်များကို တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရပါတယ်။ ကျောက်ငါးများကို ပွင့်လင်းရာသီ အောက်တိုဘာလမှ မိုးမကျခင် ဧပြီလအထိသာ ဈေးကွက်တွင် အရောင်းအဝယ်ရှိပြီး အကောင်သေးလျှင် ၃၅ ကျပ်သားမှ၊ အကောင်ကြီး တစ်ပိဿာကျော်အထိ ဖမ်းဆီးရမိကြောင်း သိရပါတယ်။ ချောင်းသာ၊ ငွေဆောင်ပင်လယ်ကမ်းခြေဒေသ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အများဆုံးဖမ်းဆီးရမိပြီး၊ အဝယ်ဒိုင်များမှ တစ်ပိဿာလျှင် ၁၃ဝဝဝ ကျပ်၊ ၁၄ဝဝဝ ကျပ် ဈေးပေးဝယ်ယူလျက်ရှိပြီး၊ ရန်ကုန်သို့တင်ပို့ရာတွင် ဖော့ပုံးတစ်ပုံးလျှင် ကျောက်ငါးအရှင် ၉ ပိဿာခန့်ကို ရေငန်ထည့်သွင်း၍ ၂ ရက်၊ ၃ ရက်တစ်ကြိမ် ပိဿာချိန် ၄ဝ-၅ဝ ခန့်ကို ရန်ကုန်မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရပါတယ်။                     မင်းမင်းဦီး